ခရစ်ယာန်သာသနာပြုများ ကျောင်းတွေ ၊ ဆေးရုံတွေ ဖွင့်တာ ၊ အခုခေတ် ပရ ဟိတလုပ်ကြတဲ့ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်း(INGO)တွေ လုပ်ကြပုံနဲ့ ဘွားဦးဇွန်းလုပ်ပုံက အများကြီးခြားနားပါတယ်။ ခုခေတ်နိုင်ငံတကာအဖွဲ့အစည်းတွေလုပ်ကြတာက ၊ သူများဆီကအလှူခံပြီး 'အလှူလက်ဖက်နဲ့ လက်ဆောင်တက်' ဆိုသလိုလုပ် ကြတာပါ။
ရလာတဲ့အလှူငွေနဲ့ပဲ ၊ လူတွေအလုပ်ခန့် ၊ ပြီးတော့ တစ်နေရာက တစ်နေရာသွားရင် လေယာဉ်ပထမတန်းစားစီး၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေမှာတည်းပြီး ဇိမ်လုပ်ကြ၊ ကိုယ့်တိုင်းပြည်မှာနေတုန်းက တိုက်ခန်းကျဉ်းမှာနေ၊ ဘတ်စ်ကား၊ မီးရထားတိုးစီးနေခဲ့ကြပေမယ့် ပရဟိတလုပ်ဖို့ နိုင်ငံတစ်ခုကိုသွားပြီဆိုရင်တော့ အဲဒီ နိုင်ငံရဲ့အကောင်းဆုံးခြံဝင်းကြီး အိမ်ကြီးတွေမှာနေ ၊ အကောင်းဆုံးကားကိုစီး ၊ ထမင်းချက်နဲ့ ၊ နာနီနဲ့ ၊ မာလီနဲ့ ၊ ဒရိုင်ဘာနဲ့ ၊ ဒရဝမ်နဲ့ သန်းကြွယ်သူဌေးကြီးတွေလို နေကြတာလေ ။ တချို့တော်တော်ကို သိက္ခာမဲ့တဲ့အဖွဲ့အစည်းများဆိုရင် ချောင်းသာလို ၊ ငွေဆောင်လို ပင်လယ်ကမ်းခြေတွေဆီကို ဝန်ထမ်းတွေ ကိုးဆယ်တစ်ရာနဲ့ ပျော်ပွဲစား သွားကြသေးတယ် ။ ဒေါ်လာသောင်းချီကုန်တာပေါ့ ။ အဖွဲ့အစည်းငွေကို သုံးလို့ရအောင် နာမည်တပ်ထားတာကတော့ ဝပ်ရှော့ (Workshop) တဲ့ ၊ တချို့ကျတော့ ဟန်တောင်မဆောင်တော့ဘူး ပြောင်ပြောင်ပဲ(Retreat) အပန်းဖြေခရီးတဲ့ ။ အနားယူ အပန်းဖြေ (Rest & Recreation) 'R & R' တဲ့လေ ။ အဲဒီလိုနဲ့ပဲ ၊ ရတဲ့အလှူငွေရဲ့ ခြောက်ဆယ်ရာနှုန်း ၊ ခုနစ်ဆယ်ရာနှုန်းလောက်ဟာ ရုံးစရိတ် ၊ ဝန်ထမ်းစရိတ်တွေနဲ့ပဲ ကုန်သွားပြီး သူတို့ကူညီတယ်ဆိုတဲ့ ၊ ဒုက္ခသည်တွေလက်ထဲ တကယ်ရောက်တာက တော့ ရာနှုန်းသုံးဆယ်လောက်ပဲရှိမယ် ထင်ပါရဲ့။
၁၃-၅-၂ဝဝ၉ နေ့ထုတ် Weekly Eleven စာမျက်နှာ ၂၂ မှ မန္တလေးရဲ့ဝိညာဉ် (၃) မှ ကောက်နုတ်ချက် ။
Saturday, May 30, 2009
ယနေ့ခေတ်နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများလုပ်ပုံ
Subscribe to:
Post Comments (Atom)
1 comment:
ပွင့်လင်းမြင်သာမှု မရှိတဲ့ နေရာတွေ, အာဏာရှင် နိုင်ငံတွေမှာ အဲသလိုပဲ `လုပ်စား´ကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ တချို့ ဒီလိုနေရာတွေကို ပိုကြိုက်တယ် ဆိုပဲ။ ကုလ စာရင်းစစ် အဖွဲ့ကတောင် ပြစ်တင်ထားတာတွေ ရှိတယ်။ အန်ဂျီအို NGO ဆိုတာကလည်း `စီးပွားလုပ်ငန်း Business´ တခုလို ဖြစ်နေတာပါပဲ။
Post a Comment