ကိုဝိုင်း(မိုးညှင်း)
ဇွန် ၂၃ ၊ ဆောအူးလ်မြို့။
ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) အနေဖြင့် ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာမြန်မာ ညီအစ်ကိုမောင်နှမများနှင့်အတူ၊ ၁၃၇၁ ခုနှစ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်-
ရက်စွဲ။ ၁၃၇၁ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်။ (တနင်္ဂနွေနေ့)
( ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၅ ရက် )
နေရာ။ ဓမ္မဒူတသိမ်တော် ခမ်းမ
အစီစဉ်-
-ဝ၆း၃ဝ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း ၊
-ဝ၇း၁၅ ဧည့်သည်တော်များ နံနက်စာ အာဟာရသုံးဆောင်ခြင်း ။
-ဝ၉း၃ဝ ခေတ္တနားခြင်း ၊
-၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
-၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း၊
-၁၃း၁၅ ခေတ္တ အနားယူခြင်း၊
-၁၃း၃ဝ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား စတင်ခြင်း၊
-၁၃း၃၅ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများလှူဒါန်းခြင်း၊
-၁၅းဝဝ အလှူတော်ရေစက်ချ တရားနာကြားခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း၊
အလှူတော်ရေစက်ချတရားတော်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက က ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ကြောင်းနှင့် ၊ ပါရမီရှင်များအနေဖြင့် ဝါဆိုသင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကို စိတ်တိုင်းကျ အလွယ်တကူ လှူဒါန်းနိုင်ကြစေရန် ဓမ္မဒူတအသင်းက အသင့် စီစဉ်ထားမည်ဖြစ်ရာ ၊ ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်းသိရသည် -
အလှူတော်နေ့တွင် မိုးညှင်းမြို့နယ်အသင်း(ကိုရီးယား) က ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များကို အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကပ်လှူပူဇော်ကြမည်ဖြစ်ကြောင်း ၊ ကြွရောက်တော်မူလာကြမည့် ဧည့်သည်တော်များကိုလည်း မြန်မာ့ထမင်းဟင်းများဖြင့် ဧည့်ခံကြွေးမွေးမည်ဖြစ်ကြောင်းနှင့် လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းလည်း သိရသည် ။
Tuesday, June 23, 2009
ဓမ္မဒူတ(ကိုရီးယား) ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပမည်
Labels:
ဖိတ်စာ,
ဘာသာရေး,
သတင်းဖတ်စာ,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment