ယခုတလော ကျွှန်တော့ဆီကို Internetက ဈေးဝယ်နည်းလေးသင်ပေးပါဦး၊ဟိုဟာလေး ၀ယ်ပေးပါဦး၊ဒီဟာလေးဝယ်ပေးပါဦးပြောလာကြတဲ့အတွက် တခါတည်း အသေးစိတ် လုပ်ပုံ၊လုပ်နည်း လေးတွေကိုတင်ပြပေးလိုက်ပါတယ်။Internet မှဈေးဝယ်ခြင်းသည် အပြင်ဆိုင်က၀ယ်ခြင်းထက် ၂၀%၀န်းကျင် အမြဲသက်သာလေ့ရှိပါတယ်။ဘာလို့လည်းဆိုတော့ ပင်ရင်းအရောင်း ဌာနတွေက တိုက်ရိုက်ရောင်းချခြင်းဖြစ်တဲ့အတွက် ဈေးသက်သာသလို ဈေးတင်ရောင်းခြင်းမရှိပါ၊အပြင်ဆိုင်က၀ယ်မည်ဆိုရင် ဆိုင်ခန်းခ၊အလုပ်သမားခ၊အမြတ်တင်သဖြင့် ဈေးကြီးသည်။နိုင်ငံခြားသားများဆိုရင် မသိရင်မသိသလို ရိုက်ချင်ကြသည်။Internet မှဈေးဝယ်ခြင်းသည် အချိန်မကုန်၊ငွေသက်သာ၊လူမပင်ပန်း၊ပစ္စည်းမျိုးစုံကို စာရိုက်ရှာပြီး စိတ်ကြိုက် ရွေးဝယ်နိုင်သည်။ဒါကြောင့် ဟန်းဂုရွာ ပရိတ်သတ်များအတွက် တင်ပြပေးလိုက်ရပါတယ်။
http://www.gmarket.co.kr/ ကို ကလစ်နှိပ်ပြီး သွားလိုက်ရင် gmarket hompage ပေါ်လာပါလိမ့်မယ်။hompage ရဲ့ညဘက် အပေါ်ဆုံးဘက်နားလေးမှာ စာရိုက်ပြီးရှာရန် ဆိတဲု့ဟာလေးအပေါ်မှာ 로그인ဘေးက 회원가입 ကိုကလစ်ပါ။hompageနောက်တစ်ခုပေါ်လာပြီး အပြာရောင် အ၀ိုင်းထဲမှာ Please Register Here ကိုကလစ်ပါ။hompageနောက်တစ်ခုပေါ်လာပြီးနောက်step 1. gmarket user Agreement ,step2.Electronic finance transacttion step 3.gmarket privacy တို့ရဲ့ အောက်မှာ ㅁI agree ကိုကလစ်ပြီး အမှန်ခြစ်ပေးပါ။ပြီးရင် ID လုပ်ဖို့ကွက်လပ်များကိုဖြည့်ပါ။password လုပ်ရာတွင် abcd ရော 12345 နှစ်ခုစလုံးကိုရောပြီးထည့်ပေးရမည်။ဥပမာ b243568 ကဲ့သို့ပေးရမည်။ဂဏန်းချည်း သီးသန့်လုပ်မရပါ။
Foreign Registrarion number နေရာတွင် သင်၏ T Card number ဥပမာ 721212- 514----နံပတ်ကိုဖြည့်ပြီး ကလစ်ပြီးရင် Your foreign registration no has been confimed ဇယားပေါ်လာရင် ok ကိုကလစ်ပါ။
ဖြည့်စရာတွေဖြည်ပြီးရင် check email ကိုကလစ်ပြီး ဇကားပေါ်လာတဲ့အခါ confirm ကိုကလစ်ပါ။
ဒါဆိုရင် gmarket account လုပ်ပြီးသွားပါပြီ။ hompage ရဲ့ညာဘက် အပေါ်ဆုံးဘက်နားလေးမှာ စာရိုက်ပြီးရှာရန် ဆိုတဲ့ဟာလေးအပေါ်မှာ 로그인 ကိုကလစ်ပြီး A/C ၀င်ပါ။
ပြီးရင် search မှာ မိမိလိုရာ ပစ္စည်းကို ရိုက်ပြီးရှာပါ။ဥပမာ mp3 playerဆိုပြီး ရှာပါ။
mp3တံဆိပ်မျိုးစုံ ဈေးနှုန်းမျိုးစုံကိုပေါ်လာပါလိမ့်မည်။မိမိလိုရာ ပစ္စည်းကို ကလစ်ပြီး လိုက်ပါကhompageနောက်တစ်ခုပေါ်လာပြီး
data အသေးစိတ်အချက်များကိုကြည်ပါ။(ဥပမာ)အပေါ်ဆုံးမှာ စာလုံးအနီနဲ့ ၅၀၀၀၀ဈေးနှုန်းကို တွေ့ရပါမယ်။
အဲဒီအောက်က( - 3500 할인) လို့တွေ့ရင် ဈေးလျှော့ယူမလား?မေးတဲ့သဘောပါ။အဲဒါကိုကလစ်ရင် ၄၆၅၀၀ ပဲကျသင့်မှာဖြစ်ပါတယ်။တကယ်လို့များ မကလစ်ဘူး ဆိုရင် သူတို့က မိမိ gmarket accuont ကို point/cupon တွေပေးပါလိမ့်မယ်။point/cupon တွေအကြောင်း ရှင်းပြရရင် စာတွေတော်တော်ရှည်သွားမှာပါ။ကျွှန်တော်ကတော့ point/cupon တွေ ယူလေ့မရှိပါ။ဈေးသက်သာဖို့ကအဓိက မဟုတ်လား။ပြီးရင် အောက်နားလေး 배송비 결제여부 ရဲ့ဘေးနားလေးမှာ 선택하세요 ဆိုတဲ့ဟာလေးကိုကလစ်လိုက်ပါ။주문시2500원ကလစ်လိုက်ပါ။အဲဒါကတော့ ပါဆယ်ပို့ခ 2500ကိုတခါတည်းပေါင်းပေးမယ်လို့ ပြောလိုက်တဲ့သဘောပါ။상품 수령후 지불 ဆိုရင် ပစ္စည်းလက်ခံပြီးမှ ပါဆယ်ပို့ခ 2500ကိုပေးမယ်ဆိုတဲ့သဘောပါ။တခါတည်းပေါင်းပေးဖို့အတွက် 주문시2500원ကို ကလစ်လိုက်ပါ။ပြီးရင် အောက်မှာ 선택하세요( ရွေးချယ်ပါ)ရှိနေသေးရင် သူတို့ကဘာ ရွေးခိုင်းတာလဲ၊ဘာထပ်ပြီး ၀ယ်ခိုင်းတာလဲ၊ လိုအပ်သလား?မလိုအပ်ဘူးလား?စဉ်းစားပြီးဝယ်ပါ။မ၀ယ်ရင်လည်းရတဲ့ဟာတွေပဲများပါတယ်။ဥပမာ=နားကြပ်၊mp3 case။စတစ်ကာ၊memory card၊ဘက်ထရီအားသွင်းစက် စသဖြင့်ပေါ့။နားကြပ်ဆိုရင် mp3 ၀ယ်ကတည်းကပါပြီးသား။ထပ်ပြီးဝယ်စရာမလိုပါ။အဲဒီတော့ မ၀ယ်ဘူးဆိုရင်
선택하세요( ရွေးချယ်ပါ)နေရာမှာ 선택 안함 ကိုရွေးချယ်ပါ။mp3 case ၀ယ်မယ်ဆိုရင် mp3 caseကျသင့်ငွေပါ ထပ်ပေးရမှာပါ။
선택하세요( ရွေးချယ်ပါ)အားလုံးရွေးပြီးရင် အောက်နားလေးမှာ W အမှတ်အသားနဲ့ 즉시구매 ကိုကလစ်လိုက်ပါ။장바구니 ကတော့ ၀ယ်ပြီးသားကို နမူနာကြည့်တဲ့သဘောပါ။즉시구매 ကိုကလစ်လိုက်ပြီးရင် hompageနောက်တစ်ခုပေါ်လာပြီးdata အသေးစိတ်အချက်အလက်များပေါ်လာကာ လိပ်စာ၊ဖုန်း၊အီးမေးလ်တောင်းပါလိမ့်မယ်။
* 배송지 주소ဘေးက
နေရာမှာ 주소찻기 ကို ကလစ်လိုက်ပါ/zip code finder ကိုတွေ့ပါမယ်၊အဲဒီနေရာမှာ မိမိနေထိုင်ရာ လိပ်စာကို အပြည့်အစုံ ရိုက်ထည့်ပြီးလုံးဝရှာမရပါ။
인천 남동구 구월2동 1084-1ဆိုရင် 구월2동 ဆိုပြီးရှာရပါတယ်။구월2동 ပက်သက်တဲ့ လိပ်စာများကိုရှာပေးလိမ့်မယ်။ဒါဆို 1084-1ဆိုတဲ့ အိမ်အမှတ်ကိုပဲ ရွေးပေးလိုက်ရင်ရပါပြီ။မိမိလိပ်စာကို ကိုရီးယားဘာသာဖြင့်သာဖြည့်ပါ။အင်္ဂလိပ်လို လိပ်စာ လုံးဝ မဖြည့်ပါနဲ့။ပစ္စည်းပို့သူက အင်္ဂလိပ်လိုနားမလည်လျှင် ပစ္စည်းရောက်ဖို့အခက်အခဲရှိသည်။
ပြီးရင် မိမိဖုန်း၊စက်ရုံဖုန်း နံပတ်ဖြည့်ပါ။ပြီးရင်
G통장(현금잔고) 은행송금(전용계좌) T머니 결제 휴대폰 소액결제 외화입금
G통장(현금잔고)사용 가능액 : 0원
온라인 이체 실시간 계좌이체 휴대폰 계좌이체 CMA계좌이체
신용카드 신용카드(일반) 신용카드(G마켓 제휴카드) 포인트/세이브 해외발급 신용카드
외상구매
전화결제 신용카드 전화결제
အဲဒီလို ပိုက်ဆံဘယ်ပုံစံနဲ့ရှင်းမှာလဲ....မေးထားတာဖြစ်ပါတယ်။ 은행송금(전용계좌) ဆိုတာကို ကလစ်လိုက်ပါ။ဘဏ်ကနေ ပိုက်ဆံရှင်းမယ်ဆိုတာ ပြောလိုက်တဲ့သဘောပါ။은행선택 ကိုကလစ်ပြီး ဘဏ်ရွေးပါ။မိမိက 신한은행 ဆိုရင်신한은행ကိုရွေးပြီး အောက်မှာ 결져하기 ဆိုပြီးအမှတ်အသားလေးကို ကလစ်လိုက်ပါ။
ဇယားသေးသေးလေးပေါ်လာရင် 학인 (သို့)OK ကိုကလစ်လိုက်ပါ။
ပေးသွင်းရမည့်ငွေ ၊ဘဏ် အကောင့်နံပတ်၊ပေါ်လာမည့် နာမည် (ဥပမာID ကိုaungkhine ဟုပေးထားရင်ဘဏ်မှာငွေသွင်းတဲအခါ G마캣 aungဆိုပြီးပေါ်ပါမည်။ဒါဆို စိတ်ချလက်ချ ငွေသွင်းလိုက်ပါ) ပေးပါလိမ့်မယ်။ ပြီးရင် 학인 (သို့)OK ကို
ကလစ်လိုက်ပါ။
အားလုံးပြီးစီးကြောင်း page တစ်ခုပေါ်လာပါမည်။ထပ်ပြီး 학인 (သို့)OK ကို
ကလစ်လိုက်ပါ။
검색어 자동완성
주문하신 내역은 나의 쇼핑정보에서 다시 확인이 가능합니다.
aung님
플러스접속중
일부상품에 대해 수량부족, 카드결제승인오류 등의 사례가 간혹 있을 수 있으니 에서 다시 한번 확인해주세요.
현금잔고로 구매하셨을 경우, 나의쇼핑정보에서 입금확인이 되었는지를 다시 한번 확인해주세요.
hompageနောက်တစ်ခုပေါ်လာပြီး ဒီလိုစာတန်းတွေပေါ်လာရင် ၀ယ်တာပြီးစီးပါပြီ။
ဝယ်ပြီးတာနဲ့ ချက်ချင်း မိမိ ဖုန်း၊email ကို message/mail ရောက်လာပါလိမ့်မည်။ယနေ့မနက် ငွေထည့်ရင် မနက်ဖြန် ပစ္စည်းရောက်လာတတ်သည်။ညနေမှထည့်ရင် သဘက်ခါလောက်ရောက်လာတတ်သည်။အဆင်ပြေနိုင်ကြပါစေ......
စေတနာဖြင့်
အောင်ခိုင်
Tuesday, June 23, 2009
Internet မှဈေးဝယ်နည်း လမ်းညွှန်
Subscribe to:
Post Comments (Atom)
3 comments:
ဆရာအောင်ခိုင်(မန်း)ရေ... အင်တာနက်က ဈေးဝယ်နည်းလေးက စိတ်ဝင်စားစရာပဲဗျ...။ နောက်ထပ် ပိုက်ဆံမရှိပဲ အင်တာနက်က ဈေးဝယ်လို့ ရတဲ့နည်းလေး ဘာလေး ရှိရင်လည်း ပြောပါဦးနော်...။ ဒိုင်လျှိုလေးတော့ မလုပ်နဲ့နော်...။
ပိုက်ဆံမရှိပဲ ၀ယ်လို့ရတယ်....ဆရာ
လက်တို့ပြီးတော့ ဒိုင်လျှိုလေးပြောလိုက်မယ်
ဘယ်သူမှမပြောရဘူးနော်.....အချင်းချင်းတွေမို့ ပြောပြတာ
(&*----+*%#!!~* +$%~!@$**_+%^&*)!#^%*&%$$##%^&$&*^&^^%%)
အဲဒီလိုဝယ်ပါ ဆရာ#(^_^)
Post a Comment