ရေးသားသူ — ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
ယနေ့အချိန်သည် ဆက်သွယ်ရေး နည်းပညာတိုးတက်လာသောခေတ်ဖြစ် သည်။ ကွန်ပျူတာအသုံးပြုမှုမှာလည်း တွင်ကျယ်လာခဲ့သည်။တချို့အလုပ်သမား များသည် နေ့စဉ်ကွန်ပျူတာစားပွဲ၌ ၈နာရီ လောက် အချိန်ကုန်နေကြရသည်။ဤတွင် ကွန်ပျူတာနှင့်ပတ်သက်သောပြဿနာတစ် ရပ်ပေါ်လာခဲ့သည်။ယင်းမှာ (Computer Vision Syndrome) ကွန်ပျူတာကြည့်မှု လက္ခဏာစုဖြစ်၏။
ကွန်ပျူတာကို အချိန်ကြာမြင့်စွာ နား ချိန်မပေးဘဲ အသုံးပြုမည်ဆိုလျှင် မိမိ၏ မျက်စိအား မလိုလားအပ်သောဒဏ်ပိမှု ဖြစ်စေသည်။ မျက်စိအား နွမ်းနယ်မှု၊ တင်း ကျပ်မှု၊ ဖိစီးမှုတို့ဖြစ်စေသည်။ လူတို့၏ မျက်စိသည် သဘာဝအားဖြင့် အဝေးမြင် ကွင်းအတွက်သင့်လျော်သည်။ မွေးရာပါ သဘောအရ လူအားလုံး၏ ၉၈ရာခိုင်နှုန်း မှာ အဝေးအာရုံကောင်းမွန်စွာမွေးဖွားလာ ခဲ့ကြခြင်းဖြစ်၏။ မျက်စိသည် အဝေးသို့ မျှော်ကြည့်ခြင်းဖြင့် ကြွက်သားများ၏တင်း အားကိုလျော့နည်းစေပြီး မျက်စိအားကို လည်း ကောင်းမွန်စေပါသည်။
Computer Vision Syndrome 'CVS' ကွန်ပျူတာကြည့်မှုလက္ခဏာစုဆို သည်မှာ ကွန်ပျူတာအသုံးပြုမှုကြောင့် မျက်စိအားအကြိမ်ကြိမ်ဖိစီးမှုဖြစ်စေသော ဝေဒနာဟု The Occupational Safety and Health Administration(US)က အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ခဲ့ပါသည်။ ကွန် ပျူတာကြည့်မှုလက္ခဏာစုမှာ မူလက မျက်စိချို့ယွင်းချက်ရှိသူများ၊ လုပ်ငန်းခွင် အခြေအနေညံ့ဖျင်းမှုနှင့်အလုပ်လုပ်ဆောင် သည့်အလေ့အကျင့် မှားယွင်းမှုတို့ကြောင့် လည်း ဖြစ်ပွားမှုပိုစေနိုင်ပါသည်။ ကွန်ပျူတာကြည့်မှုလက္ခဏာစု CVS ဖြစ်ပါက မျက်စိခြောက်သွေ့ခြင်း၊ မျက်စိကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အနီး ကပ်ကြည့်ရာတွင် မကြည်လင်ခြင်း၊ နှစ် ထပ်၊ နှစ်ခုမြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင် တောက်တောက်ကိုကောင်း စွာမကြည့်နိုင်ခြင်း၊ မျက်ကပ်မှန်တပ်သူ များအတွက် အနေရ၊ အထိုင်ရခက်ခဲခြင်း စသည့်လက္ခဏာများ စတင်ခံစားလာရ တတ်သည်။ ကွန်ပျူတာအသုံးပြုသူများသည် မျက်တောင်ခတ်ကြိမ် နည်းသွားကြောင်း တွေ့ရ၏။ ကြာရှည်သုံးစွဲပါက အနီးမှုန် ခြင်း၊ အဝေးမှုန်ခြင်း၊ မျက်စိအကြည်လွှာ အခုံးမညီခြင်း၊ စူးစိုက်နိုင်မှုအားနည်းခြင်း၊ မျက်စိ၏ညှိနှိုင်းလုပ်ဆောင်နိုင်
မှုအားနည်း ခြင်းစသည်တို့ဖြစ်ပေါ်လာတတ်သည်။ ကွန်ပျူတာအသုံးပြုသူများအနေ ဖြင့် ဖော်ပြပါကွန်ပျူတာကြည့်မှုလက္ခဏာ စုမဖြစ်စေရန် အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။
♦ ကွန်ပျူတာမြင်ကွင်း မျက်နှာပြင်အား မျက်စိရှေ့ ၃ဝမှ ၆ဝ စင်တီမီတာအကွာ၌ ထားရပါမည်။
♦ မြင်ကွင်းအလယ်နှင့်ထိပ်ပိုင်း အတွက် မြင်ကွင်းထောင့်မှာ ၁ဝမှ၂ဝဒီဂရီ အတွင်း ရှိသင့်သည်။
♦ ကွန်ပျူတာကို ပြတင်းတံခါးအား ကျောပေးခြင်း သို့မဟုတ် မျက်နှာမူထား ခြင်းထက် ဘေးတိုက်အနေအထားသည် ပို၍ကောင်းမွန်သင့်တော်ပါသည်။
♦ အခန်း၏အလင်းရောင်ကိုလည်း သင့်တင့်မျှတစေရပါမည်။
♦ Resolution မြင့်သော မော်နီတာ ကောင်းကိုသာ သုံးသင့်၏။
♦ မြင်ကွင်း၏တောက်ပမှုကိုထိန်းချုပ် ထားရန်လိုသည်။အရောင်အသွေးတောက် ပမှုကိုလည်း အမြင်အာရုံနှင့်သင့်တော် အောင် ဆောင်ရွက်ထားရပါမည်။
♦ တောက်ပလွန်းခြင်း၊ ရောင်ပြန်ဟပ် ခြင်းတို့ကို ကာကွယ်နိုင်သည့်နည်းပညာ အသုံးပြုထားသည့်ကွန်ပျူတာမျိုးသုံးသင့် သည်။
♦ မိမိကိုယ်မိမိ သတိထား၍မျက် တောင်ခတ်ပေးရန်လိုအပ်သည်။ မျက် တောင်ကို အနည်းဆုံး မိနစ်သုံးဆယ်လျှင် ဆယ်ကြိမ်ခတ်ပေးသင့်သည်။ မျက်စိ ခြောက်သွေ့မှုမှကာကွယ်နိုင်မည်ဖြစ်၏။
♦ မျက်စိဆရာဝန်အား မျက်ရည်တု သို့မဟုတ် မျက်စဉ်းအရည် စွဲသုံးရန်အကြံ ဉာဏ်တောင်းခံသင့်သည်။ မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခြင်းထက်ဆရာဝန်၏ညွှန်ကြား ချက်ဖြင့်သုံးသင့်၏။
♦ အသက်၎ဝကျော်သူများဖြစ်လျှင် မျက်စိဆရာဝန်နှင့်ပုံမှန်စစ်ဆေးမှုခံယူရန် လည်း အရေးကြီးပါသည်။
ဤပိုစ့်ကို တင်ခြင်းအားဖြင့် ဆရာဝန်စာရေးဆရာ ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ) အား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
Friday, June 26, 2009
Computer Vision Syndrome
Subscribe to:
Post Comments (Atom)
No comments:
Post a Comment