Saturday, June 27, 2009

KING OF POP မိုက်ကယ်လ်ဂျက်ဆင် (1958~2009)ကွယ်လွန်ရှာပြီ


Heal The World - By Michael Jackson (Superbowl) - More bloopers are a click away

ပေါ့ ပ်ဂီတ ဘုရင်ကြီး ရယ်လို့သမိုင်းတွင်ခဲ့တဲ့မိုက်ကယ်လ်ဂျက်ဆင်( ၅၀နှစ်) ဟာ ဇွန်၂၅ရက်နေ့ တွင် ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီနေ့ နေ့လည်ထမင်းစားချိန်အင်တာနက် ၀င်ကလိတုန်း သတင်းများမှာသိခဲ့ရပါတယ်။
မိုက်ကယ်လ်ဂျက်ဆင်ကို ၁၉၅၈သြဂုတ်လ၂၉ရက် ဂရေ၊အင်ဒီးယားနားပြည်နယ်မှာမွေးခဲ့ပါတယ်။

မိုက်ကယ်လ်ဟာ သူအစ်ကိုများရဲ့ဂျက်ဆင် ဖိုက်(member of the Jackson 5)နှင့်အတူစင်မြင့်ပေါ်ရောက်လာခဲ့ပါတယ်။၁၉၈၂ သူရဲ့ တကိုယ်တော်"Thriller" albumဟာ အမေရိကမှာ၂၁သန်းနဲ့နိုင်ငံတကာမှာ၂၇သန်းကော်ပီအချပ်ရေ ကမ္ဘာ့စံချိန်တင်ရောင်းချခဲ့ရပါတယ်။အဲဒီ အလ်ဘမ်ထွက်ပြီး သိပ်မကြာခင်မှာပဲမိုက်ကယ်လ်ဂျက်ဆင်ဟာ အမြဲတမ်းမရိုးနိုင်တဲ့yesterday,today&for forever "Billie Jean" သီချင်းကို သူရဲ့အမှတ်သင်္ကေတ "moonwalk" dance လပေါ်လမ်းလျောက်အကနှင့်အတူ ကမ္ဘာတလွားမှာ အလွန်ရေပန်းစား ခဲ့ပါတယ်။မိုက်ကယ်လ်ဟာ
လူသားအကျိုးပြု သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုခဲ့ပြီး ကမ္ဘာပရိတ်သတ်ရဲ့ရင်ကို နက်ရှိုင်းစွာ ရိုက်ခတ်နိုင်ခဲ့တဲ့သူပါ။မိုက်ကယ်ဂျက်ဆင် ခေတ်စားနေချိန် ကျွှန်တော်အသက်ဟာ ၃၊၄နှစ်လောက်ပဲရှိပါဦးမယ်။မှတ်မှတ်ရရ အမေက ကျွှန်တော့်အစ်ကို ကို အဲဒီအချိန်က ခေတ်စားနေတဲ့ မိုက်ကယ်ဂျက်ဆင် အင်္ကျီဝယ်ပေးခဲ့ဘူးပါတယ်။အဲဒီအင်္ကျီလေးကို အခု မျက်လုံးထဲမှာမြင်ယောင်နေပါတယ်။အခုတော့ သူချစ်တဲ့ ကမ္ဘာ့ပရိသတ်ကြီး ကို မိုက်ကယ်တယောက် မနှုတ်ဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ပါတယ်။ အင်္ဂလန်မှာသွားရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့စဉ်က ဒါဟာ သူရဲ့ နောက်ဆုံးပွဲပါလို့ ပြောခဲ့တာကပဲ နိမိတ်တခုလို့ ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့ ပရိသတ် တဦးက ဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ကွယ်လွန်ချိန်မှာPrince Michael I, Paris Michael and Prince Michael II ကလေး သုံးယောက်ကျန်ခဲ့ပါတယ်။မိုက်ကယ်ဂျက်ဆင်ကိုချစ်တဲ့ ပရိသတ်များထဲမှာ ကျွှန်တော်လည်းတစ်ယောက်အပါအ၀င် မို့ စိတ်မကောင်းခြင်းများစွာနဲ့ ဒီပို့စ်လေးကို အိပ်ရေးအပျက်ခံပြီး တင်လိုက်ပါတယ်။

မိုက်ကယ်လ် အတွက်
ဝမ်းနည်းခြင်းများစွာဖြင့်
အောင်ခိုင်(မန်း)

No comments: