ကိုဝိုင်း(မိုးညှင်း)
ဇူလိုင် ၆ ၊ ဆောအူးလ်မြို့။
ယမန်နေ့က ၊ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) က ကြီးမှူးလျက် အင်ချောန်မဟာမြို့တော် ဘူဖြောင်းမြို့ရှိ ဓမ္မဒူတဆင်တာတွင် ၁၃၇၁ခုနှစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ကျင်းပပြီးစီးကြောင်း ၊ အခမ်းအနားသို့ ဓမ္မဒူတစင်တာ ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒက တွဲဖက်ကျောင်းထိုင်ဆရာတော် ဦးကိတ္တိစာရ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်မှ ကျောင်းထိုင်ဆရာတော် အရှင်ကုသလ တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ဥတ္တရ ၊ ဗောဓိဝိပဿနာစင်တာမှ ဆရာတော် ဦး ဗုဒ္ဓရက္ခိတ ၊ ကိုရီးယား ကမ္ဘောဒီယား ဗုဒ္ဓစင်တာမှ ဆရာတော် အရှင် ရင်ဆာရို တို့ ကြွရောက်အလှူခံတော်မူကြကြောင်းသိရသည် ။
အခမ်းအနားသို့ ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမများ ၊ မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများ ၊ အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်း(International Dharma Instructors Association:IDIA) အဖွဲ့ဝင်များ ကိုရီးယားမိတ်သင်္ဂဟများစသည်ဖြင့် ဧည့်သည်တော် စုစုပေါင်း ၁၅၀ခန့် ကြွရောက်ချီးမြှင့်တော်မူကြကြောင်းနှင့် ဧည့်သည်တော်များကို မိုးညှင်းမြို့နယ်အသင်း(ကိုရီးယား)က ရှမ်းရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း ၊ နေ့လည် ၁နာရီမှ ၃နာရီထိ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် အလှူတော် ရေစက်ချ အခမ်းအနားကိုကျင်းပခဲ့ကြရာ ပရိတ်သတ်အစုစု ၃၀ ကျော်ခန့် တို့က ကိုယ်တိုင် တက်ရောက် လှူဒါန်း ကုသိုလ်တော်ယူခဲ့ကြကြောင်း သိရသည် ။
အလှူတော်စာရင်းကို အင်တာနက်စာမျက်နှာ (http://www.dhammaduta.info/donation-swf/others/waso_2009_donors_ok.swf) တွင် လည်းကောင်း ၊ အခမ်းအနား မှတ်တမ်းပုံများကို အင်တာနက်စာမျက်နှာ(http://picasaweb.google.com/Dhammaduta.k/Waso2009OfDhammadutaCenterInKorea?feat=directlink) တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု ဆိုသည် ။
Monday, July 6, 2009
ဓမ္မဒူတ(ကိုရီးယား) ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပပြီးစီိး
Labels:
ဘ၀နေဟန်,
ဘာသာရေး,
မှတ်တမ်းဓါတ်ပုံ,
သတင်းဖတ်စာ,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment