design by Soe Lwin
ဝါဆိုကာလ အခါသမယတွင် မြန်မာအလုပ်သမားများ၏ ချွေးနည်းစာဖြင့် စုပေါင်းတည်ထောင်ထားသော မြန်မာဗုဒ္ဓသာသနာ ပြုကျောင်းတော်၌ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား အဋ္ဌမ အကြိမ်မြောက် အဖြစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၁၂.၀၇.၂၀၀၉ ( တနင်္ဂနွေနေ့ )တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။သို့ပါ၍ လှူဖွယ်ဝတ္ထု အစုစုတို့ကို အောက်ဖော်ပြပါ ဈေးနှုန်း များ အတိုင်း ကျောင်းတော်တွင် ဝယ်ယူလှူဒါန်း ပူဇော်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။
လှူဖွယ်ဝတ္ထု ဈေှးနှုန်းများ
ပရိက္ခရာရှစ်ပါး အစုံ ဝမ် ၅၀၀၀၀
တိစီဝရိက်သင်္ကန်း ဝမ် ၃၀၀၀၀
သင်္ကန်း ဒွိစုံ ဝမ် ၂၀၀၀၀
ထီး ဝမ် ၅၀၀၀
ယပ် ဝမ် ၅၀၀၀
ဖိနပ် ဝမ် ၅၀၀၀
ကျင်းပမည့်နေ့ရက် ၊ ၊ ၁၂.၀၇.၂၀၀၉ ( တနင်္ဂနွေနေ့ )
( ၁၃၇၁ခု ဝါဆို လဆုတ်၆ ရက်)
ကျင်းပမည့်အချိန် ၊ ၊ နံနက် ၁၁ နာရီ မှ နေလည် ၃ နာရီ အထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁
အကျွှေးအမွေး ၊ ၊စမူဆာ၊ပလာတာ၊ထပ်တရာ၊လက်ဖက်ရည်၊မလေးရှား ခေါက်ဆွဲ၊ကြက်သား ဒံပေါက်၊ရေခဲမုန့်
Tuesday, July 7, 2009
သာသနာပြုကျောင်းတော်၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment