Monday, November 28, 2011

ကိုရက်(ပ်)စ် နည်းဥပဒေ ပြင်ဆင်

ကိုဝိုင်း(မိုးညှင်း)
ဇူလိုင်၁၃ ၊ ဆောအူးလ် ။

ကိုရက်(ပ)စ် (Korean Employment Permit System:Koreps) ထပ်မံငှားရမ်းခြင်းအစီအစဉ်(Re-employment Program)ဆိုင်ရာ နည်းဥပဒေ(Rule)ကို ပြင်ဆင်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်အရသိရသည် ။

ယခင်က ၊ ကိုရီးယာလုပ်ငန်းရှင်များအနေဖြင့် မူလစာချုပ် ၃ နှစ်ပြည့်ပြီးသည့် လုပ်သားများကို ၊ ထပ်မံ(ဆက်လက်) ငှားရမ်းလိုပါက မူလစာချုပ်သက်တမ်းမကုန်မှီ အများဆုံးရက်(၉၀) မှ အနည်းဆုံး(၁)ရက် (စာချုပ်မကုန်ဆုံးမှီ တစ်ရက်အလို) အတွင်း ၊ စာချုပ်အသစ်ချုပ်ဆိုရန် သတ်မှတ်ပြဋ္ဌာန်းထားရှိသည် ။

သို့ရာတွင် ၊ ယခုအခါ မူလခွင့်ပြုကာလမကုန်ဆုံးမှီ အများဆုံးရက်(၉၀)မှ အနည်းဆုံးရက်(၃၀)အတွင်း (စာချုပ်မကုန်ဆုံးမှီ ရက်၃၀မတိုင်မှီ) ၊ ထပ်မံငှားရမ်းသည့် စာချုပ်အသစ်ကိုချုပ်ဆိုပြီး ၊ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ခွင့်ပြုချက်တောင်းခံခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဋ္ဌာနတွင် မှတ်ပုံတင်ခြင်း၊နှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနတွင် ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ်လျှောက်ထားခြင်းစသည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများကို ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၊ ဤ ပြဋ္ဌာန်းချက်အတိုင်း ၂၀၀၉ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စ၍ အတည်ပြု ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည် ။

2 comments:

ကိုဝိုင်း (မိုးညှင်း) said...
This comment has been removed by the author.
ကိုဝိုင်း (မိုးညှင်း) said...

ကျနော်တို့က ၃ နှစ်ပြီးရင် တိုင်ပတ်ရမယ်ပြောတယ် ။ ဟုတ်လား ။ ကျနော်တို့က ၃ နှစ်လား ။ ၅ နှစ် (အချို့ ၆ နှစ်) ပြီးတော့ နောက် ထပ်ဗီဇာ ၂နှစ် ထပ်ရဦးမယ်လို့ သူဌေးကပြောတယ်ဆိုပြီး မေးကြလွန်းလို့ ပို့စ်အဟောင်းတွေ ရှေ့ကို ပြန်ယူထားတာပါဗျာ။
လေးစားမှုဖြင့်-
ကိုဝိုင်း