Monday, November 28, 2011

ဓမ္မဒူတ မြေအလှူတော်အကြောင်း သိကောင်းစရာများ (၁)

ကိုရီးယားမြေမှာ ကိုရီးယားတွေနှင့် ရေစက်ဆုံချင်လို့ ၊ ကိုရီးယားမြေမှာ ဒါနမျိုးစေ့ချချင်လို့ ၊ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဒါနအတူပြုချင်လို့ ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်မှာ အလှူတော်ငွေ ထည့်ပါရစေ ၊ ဘယ်လိုလှူရမလဲ ဆိုပြီး (မြန်မာ) ပြည်တွင်း ကနေပြီး ဆက်သွယ်လာတဲ့ ပါရမီရှင်တွေ ရှိပါတယ် ။
သက်ဆိုင်သူများထံသို့ ပြန်စာများ အသီးသီး အသကအသက ပေးပို့ထားပြီး ဖြစ်သော်လည်း မသိသေးသူများလည်း သိရှိကြပြီး ဒါနပါရမီမျိုးစေ့ အတူတူ ကြဲချ စိုက်ပျိုးနိုင်ကြစေရန်အလို့ငှာ ဟန်းဂုရွာကနေပြီး မောင်းထုလိုက်ရပါတယ် ။
မြန်မာ ပြည်တွင်းက အလှူတော် ပါဝင်လိုသူများ ဆရာတော် အရှင်ဆေကိန္ဒထံ တိုက်ရိုက် လျှောက်ထားပြီး ၊ ဆရာတော် ညွှန်ကြားသည့်အတိုင်း လှူနိုင်ကြသလို ၊ ဆရာတော်ကြီးနှင့် ဆက်သွယ်ရန် အခက်အခဲရှိသူများ ၊ ဆရာတော်ကြီး ၏ အပါးတော်မြဲ ဒကာတော် ဦးကြည်စိုး (ဖုန်း ၆၆၇-၂၀၉) ထံ ဆက်သွယ်ပြီးလည်း လှူဒါန်းနိုင်ကြပါကြောင်းနှင့် မြန်မာပြည်မှ ကိုရီးယားသို့ တိုက်ရိုက်လှူဒါန်းလိုပါက ၊ အောက်ဖော်ပြပါ ဘဏ်စာရင်းသို့ တိုက်ရိုက်ပေးပို့လှူဒါန်းနိုင်ပါကြောင်းလည်း ကြေညာမောင်းခတ်လိုက်ပါတယ် -
ဓမ္မဒူတ(ကိုရီးယား)၏ နိုင်ငံခြားငွေ ဘဏ်စာရင်း
- ဘဏ်အမည် KOREA EXCHANGE BANK
- ဘဏ်ခွဲအမည် BUPYEONG STATION BRANCH
- ဘဏ်စာရင်းအမှတ် 650-008152-378
- စာရင်းအညွှန်း(swift code): KOEXKRSE
- ဘဏ်လိပ်စာ 738-21 BUPYEONG-DONG BUPYEONG-GU INCHEON-CITY
- ဘဏ်စာရင်းပေါက်အမည် DHAMMADUTA CULTURE ASSOCIATION
- ဘဏ်ဖုန်း T: (082) 032-503-1802,
(အညွှန်းစာမျက်နှာ/ဤတွင်နှိပ်ပါ/)
အထက်ပါ ဘဏ်စာရင်းဟာ ကိုရီးယားဝမ်ငွေ (KRW) မှ အပဖြစ်သော ဒေါ်လာ ၊ ယူရို ၊ တရုတ်ယွမ် ၊ ဂျပန်ယန်း ၊ ဗြိတိန် ပေါင် စသည့် နိုင်ငံခြားငွေ ၁၀ မျိုးကို လက်ခံနိုင်သော နိုင်ငံခြားငွေ ဘဏ်စာရင်း ဖြစ်ပါကြောင်းကိုလည်း ၊ လေးစားစွာ အသိပေးအပ်ပါတယ် ။
ထို့အပြင် ဓမ္မဒူတမြေအလှူတော်အတွက် ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ရန်ကုန်မြို့ ၊ နယူးစတား ရတနာဆိုင် မှ ဦးရန်အောင် ဒေါ်ရင်ရွှင် (မိုးညှင်း) မိသားစုက ပေးပို့လှူဒါန်းလာသည့် အမေရိကန်ဒေါ်လာ ၅၀၀ (ငါးရာ) ကိုလည်း ဝမ်းမြောက်စွာ လက်ခံရရှိပြီး သက်ဆိုင်ရာ ဘဏ်စာရင်းများသို့ ပေးသွင်း စာရင်းတင်ထားပြီုးဖြစ်ပါကြောင်း နှင့် ဓမ္မဒူတ မြေအလှူတော်အတွက် ယနေ့ (၂၀၁၁ခုနှစ် နိုဝင်္ဘာလ ၂၆) အထိ လက်ခံရရှိပြီး အလှူငွေစုစုပေါင်းမှာ ဝမ် ရှစ်ရာရှစ်ဆယ့်ကိုးသိန်း တစ်သောင်းငါးထောင် (88,915,000 Won) ( အလှူရှင်များစာရင်း /ဤနေရာတွင်နှိပ်ပါ/) နှင့် အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်ပါကြောင်း ၊ ပါရမီရှင်အပေါင်း ထပ်ဆင့် ကုသိုလ်ယူနိုင်ကြစေရန် ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ အကျိုးတော်ဆောင်အဖွဲ့
၂၀၁၁ ခုနှစ် နိုဝင်္ဘာလ ၂၆ ရက် ။

No comments: