Thursday, August 20, 2009

မြန်မာ့ဒီမိုကရေစီရေး ရဲဘော်ကြီး သမတကင်ဒဲဂျုံ ဈာပနပွဲကို လိုက်ပါပို့ဆောင်ကြပါစို့~~

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများခင်ဗျား
မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် အာရုံစိုက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိုရီးယားသမတဟောင်း ကင်ဒဲဂျုံဟာ
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားခဲ့ပါပြီ။
သူကွယ်လွန်သွားတာဟာ ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်ဖော် ရဲဘော်ကောင်းကြီးတယောက်ကို
ဆုံးရှုံးရတာနဲ့ အတူတူပဲဖြစ်ပါတယ်။
သမတကြီးရဲ့
လွန်ခဲ့တဲ့နှစ်များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊
မြန်မာပြည်အခြေအနေတိုးတက်ရေးအတွက် ကြေညာချက်များထုတ်ပြန်ပေးခြင်း၊
ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆောင်ရွက်ရာတွင်
အသုံးပြုရန် ငွေများထောက်ပံ့ပေးခြင်း၊
ကိုယ်တိုင်မြန်မာပြည်သွားရောက်ရန်ကြိုးစားခဲ့ခြင်းတို့ဟာ
ဆင်းရဲတွင်းနက်ထဲက မြန်မာပြည်ကို ဂရုဏာကြီးမားစွာ ကူညီလိုခြင်းအား ပြသခဲ့ခြင်းများပင်ဖြစ်ပါတယ်။


ထို့ကြောင့်
သမတကြီးရဲ့ ကျေးဇူးကို သိတတ်သောအားဖြင့်
လာမည့် သြဂုတ်လ ၂၃ရက် တနင်္ဂနွေနေ့ နေ့လယ် ၂နာရီ
ပြည်သူ့လွှတ်တော်အဆောက်အဦရှေ့တွင် ကျင်းပမည့် ဈာပနအခမ်းအနားသို့တက်ရောက်ကာ
သူ၏နောက်ဆုံးခရီးအား ၀ိုင်းဝန်းလိုက်ပါပို့ဆောင်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါတယ်။

ကျနော်တို့ ဘားမားအက်ရှင်အဖွဲ့နှင့်အတူတကွ လိုက်ပါပို့ဆောင်လိုသူများအနေဖြင့်
-ဘူချွန်းဘူတာတွင် နံနက်၁၁နာရီခွဲအရောက် စုဝေးရန်

(သို့မဟုတ်)

-ရထားလိုင်းနံပါတ်၅ ယော်အွီးဒို ဘူတာ ထွက်ပေါက်အမှတ်၅တွင် ၁၂နာရီခွဲအရောက် စုဝေးရန်။

လေးစားစွာဖြင့်
ဘားမားအက်ရှင် ကိုရီးယား
ဆက်သွယ်ရန်ဖုန်း-
(၀၁၀ ၇၁၅၅ ၆၅၈၁)
မေးလ်လိပ်စာ-burmaaction@yahoo.com

No comments: