Thursday, October 1, 2009

ဓမ္မဒူတ (ကိုရီးယား) ၊ ချူးဆောက်ပွဲတော်ကာလ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကျင်းပမည်

ဓမ္မဒူတဗုဒ္ဒဘာသာအသင်း(ကိုရီးယား)အနေဖြင့် ၊ ၂၀၀၉ခုနှစ် ကိုရီးယားနိုင်ငံ ကျေးဇူးတော်နေ့ပိတ်ရက်ရှည် (ချူးဆောက်) (၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂ ၊ ၃ ၊ ၄ ) ကာလ အတွင်း စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ (၁၃၇၁) ကို ကျင်းပမည်ဖြစ်ကြောင်း ၊ မြိတ်အသင်း(ကိုရီးယား) က ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့ လှူဒါန်းကြမည်ဖြစ်ကြောင်း နှင့် လောလောဆယ် ရဟန်းလောင်း ၅ ပါးရရှိထားပြီး ၊ ဒုလ္လဘ ရဟန်းခံလိုသူ သို့မဟုတ် ရဟန်း ဒါယကာ ရဟန်းဒါယိကာမများအဖြစ် ပါရမီဖြည့်ဆည်းလိုသူများ ၊ ဓမ္မဒူတဗုဒ္ဒဘာသာအသင်း(ကိုရီးယား) (ဖုန်းနံပါတ် ၀၃၂ - ၅၂၁ - ၅၅၈၆)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည် ။
ထို့ပြင် ချူးဆောက်ပွဲတော်ကာလအတွင်း ၊ အောက်ပါအစီအစဉ်အတိုင်း အာဟာရဒါန အစီအစဉ်များ စီစဉ်ထားရှိကြောင်းလည်း သိရသည်-
၁ အောက်တိုဘာ-၂ ဒေါ်လှလှဌေးနှင့်မိသားစု (အရုဏ်ဆွမ်း)
၂ အောက်တိုဘာ-၂ ဦးသိမ်းနှင့် မိတ်သဟာများ (နေ့ဆွမ်း)
၃ အောက်တိုဘာ-၃ အွိဂျောင်ဘုခြေအိတ်စက်ရုံများအသင်းနှင့် ၊ ကိုညီသူအောင် (အရုဏ်ဆွမ်း)
၎ အောက်တိုဘာ-၃ အွိဂျောင်ဘုခြေအိတ်စက်ရုံများအသင်းနှင့် ၊ ကိုညီသူအောင် ( နေ့ဆွမ်း)
၅ အောက်တိုဘာ-၄ မြိတ်အသင်း(ကိုရီးယား) မိသားစု (အရုဏ်ဆွမ်း)
၆ အောက်တိုဘာ-၄ မြိတ်အသင်း(ကိုရီးယား) မိသားစု (နေ့ဆွမ်း)

ကိုရီးယားနိုင်ငံရောက် ညီအစ်ကိုမောင်နှမများသို့ သီးသန့်ဖိတ်စာများ ပေးပို့ဖိတ်ကြား ထားခြင်း မရှိသော်လည်း ၊ အာဟာရဒါန အစီအစဉ်များသို့ ဘာသာမရွေး လူမျိုးမရွေး ၊ ကြွရောက် အားပေး ခြင်းဖြင့် ကုသိုလ်ပါရမီဖြည့်ဆည်း နိုင်ကြကြောင်း ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က ဟန်းဂုရွာသို့ ပြောသည် ။




1 comment:

ကိုဝိုင်း (မိုးညှင်း) said...

ရဟန်းဒါယကာ ၃ ဦး နှင့် ၊ ရဟန်းလောင်း ၁ ပါး ထပ်မံရရှိထားပါသည် ။ ရဟန်းလောင်း ၂ ပါး ထပ်မံလိုအပ်နေပါကြောင်း ။