Monday, September 7, 2009

တစ်ခုသော နံနက်ခင်း၏ အမှတ်တရများ

ဆရာမ မင်ဂယောင်းဂျာ၏ စိတ်လေ့ကျင့်မှု သင်ခန်းစာမှ ... ...



ရှင့်ကို နှစ်သိမ့်ပေးချင်ပါတယ်။


ကြမ်းတမ်းခက်ထန်တဲ့ ကမ္ဘာမြေ ထဲမှာ မိုးရေစိုရင်း
ကြံ့ကြံ့ခိုင် ရှင်သန်သွားတဲ့ ရှင့်ကို ။


အချိုးအကွေ့ စီးဆင်းအားကို တွန်းလှန်လို့
အဆုံးမဲ့ ကွယ်ပျောက်သွားစေပြီး
နောက်ထပ် နိုးထ တောက်ပ ပြုံးပျော်နေတဲ့ ရှင်ဟာလေ ။


ရှင်ဟာ ဒီ ကမ္ဘာလောကမှာ တစ်ယောက်တည်းသော သူပါ ။


မြစ်ရေဟာ ပင်လယ်ဆီ စီးဆင်းလို့
မနက်ဖြန်ရဲ့ နေမင်းကို ပေါ်ထွက်လာစေဖို့
ရှင်ဟာ ရှင်သန်နေမှ သဘာဝလောကဟာလည်း ရှိနေမှာပါ။


ရှင်ဟာ ရှင်သန်နေမှ နေ့တွေ ညတွေ ရှိနေမှာပါ။


ရှင်သာလျှင် ဒီ ကမ္ဘာလောကမှာ တစ်ယောက်သောသူ။


ရှင်ဟာ စကြာဝဠာဆီ ရှင်သန်ခြင်းကို ပေးတဲ့
တစ်ယောက်တည်းသောသူရယ်ပါ…။


မိမိ ခန္ဓာကိုယ်ထဲကနေ ကြားရတဲ့ စိတ်ရဲ့ အသံကို လွှတ်မထားပဲ စဉ်ဆက်မပြတ် စူးစိုက်ဆင်ခြင်ပါ။


ကျမတို့တွေ သမရိုးကျ များပြားတဲ့ အသံတွေထဲမှာ ရှင်သန်နေကြတယ်။


တစ်ခါတစ်ရံ အဲဒီ အသံတွေက စိတ်ပျက်စေပြီး
တစ်နည်းအားဖြင့် နားမထောင်ချင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။


အထူးသဖြင့် လူမှုဆက်ဆံရေးထဲမှာ လှုပ်ရှားသက်ဝင်နေတဲ့ “နားထောင်ခြင်း” ဟာ အခြေခံအားဖြင့် အရေးပါတဲ့ အရာပါ။


လှုပ်ရှားသက်ဝင်နေတဲ့ “နားထောင်ခြင်း” ဟာ အရင်ဆုံး မိမိကနေ အစပြုပါတယ်။


နက်ရှိုင်းတဲ့ အတွင်းပိုင်းကနေ ထွက်ပေါ်လာတဲ့ အသံကို သေသေချာချာ နားထောင်နိုင်တဲ့ အခါ ကောင်းမြတ်သော တွေ့ဆုံခြင်းဟာ နိုးထလာပါလိမ့်မယ်။


အခု မိမိခန္ဓာကိုယ်က မိမိကို ဘာအကြောင်းအရာတွေ ပြောပြနေပါသလဲ။


အခု မိမိစိတ်ကရော မိမိကို ဘာအကြောင်းအရာတွေ ပြောပြနေပါသလဲ။


သေသေချာချာ နားလည်ရင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။


မျက်လုံးကို မှိတ်ပြီး ကြည်နူးပျော်ရွှင်ဖွယ် ဘ၀ရဲ့ အချိန်တွေကို ပေါင်းစပ်ပြီး မိမိရဲ့ ခန္ဓာကိုယ်နဲ့ စိတ်နှလုံးရဲ့ အသံတွေကို နားထောင်ကြည့်ပါမယ်။


အားလုံးသော ပူပင် သောကတွေကို ဘေးဖယ်ပြီး အခု ဒီ အချိန်မှာ
မိမိရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ မိမိကိုယ်တိုင်နဲ့ အတူ ကြည်နူးပျော်ရွှင်ဖွယ် အာရုံရှုမှတ်မှု ခရီးကို ထွက်ခွါပါတော့မယ်။


မိမိ ခန္ဓာကိုယ်ရဲ့ ဗီဇဟာ ဆန္ဒရည်မှန်းချက်မှာ တုန့်ပြန်တယ်လို့ ပြောရပါမယ်။


ဒါဆိုရင် တိုးပွားလာတဲ့ ဟိုမုန်းတွေဟာ ပြည့်ပြည့်၀၀ လှုပ်ရှားလာပါလိမ့်မယ်။


မိမိဟာ မရှိမဖြစ်အနေနဲ့ မျှော်လင့်ပြီး ခိုင်ခိုင်မာမာ ထိပ်တိုက်ရင်ဆိုင် နေသလား။


မိမိ ရုပ်နဲ့ ခန္ဓာဟာ နွမ်းနယ် ကြေကွဲလို့ သောကနဲ့ ပြည့်နှက်ပြီး အသက်ရှူကြပ်နေသလား။


လက်ရှိအတိုင်း ဆင်းရဲဒုက္ခ ရှိတယ်ဆိုပေမယ့်
ကောင်းကင်၊ လေပြေ၊ နေရောင်ခြည်၊ တိမ်တိုက်၊ သစ်ပင်၊ ပန်းပွင့်တွေရဲ့ သဘာဝတရားထဲမှာ
စကြာဝဠာရဲ့ စွမ်းအင်တွေကို အမြဲတမ်း ရရှိပြီး မိမိရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်လာတဲ့ “၀င်လေ” နဲ့ ထွက်သွားတဲ့ “ထွက်လေ”ကို ရှုကြည့်လိုက်ပါ။


ဘယ်လို အသံ ကြားရပါသလဲ။ ကြည်နူးပျော်ရွှင်တဲ့ အသံများလား။


ကျေးဇူးတင်နေတဲ့ အသံများလား။ ၀မ်းမြောက်မှုရဲ့ အသံများလား။


အရမ်း ပင်ပန်းနွမ်းနယ်နေလို့ အနားယူတော့ဆိုတဲ့ အသံများလား။


သေသေချာချာ မကြားနိုင်ဘူးပေါ့လေ။


ဒီ စကြာဝဠာမှာ ဖြန့်ကျက်နေတဲ့ မျှော်လင့်ချက်ရဲ့ အသံတွေကို ဖြန့် တင်လိုက်ပါ။


ပြီးရင် မိမိ အတွင်းကို ဖြာထွက်နေတဲ့ ကြည်လင် သန့်စင်တဲ့ ၀မ်းမြောက်ခြင်းကို ခံစားကြည့်လိုက်ပါ။


ဝမ်းမြောက် ပျော်ရွှင်မှုတွေ ကျော်လွန် ပြည့်လျှံနေတဲ့ နေ့ရက်တစ်ရက် ဖြစ်လာပါလိမ့်မယ်။


အဲဒီ ၀မ်းမြောက်မှုကို ဆင်းရဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ လူသားတွေဆီကို ၀ိဉာဉ်ရဲ့ အသံအဖြစ် ပြောဆိုကြည့်ပါ။


ပြောင်းလဲမှု အသစ်၊ ဘ၀သစ်ဟာ မွေးဖွားလာပါလိမ့်မယ်။

No comments: