Sunday, September 6, 2009

တို့ပိုင်တဲ့မြေ စားသောက်ဆိုင် စတိုးနဲ့ ဧည့်လမ်းညွှန်


ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့ ခင်ဗျာ-

နမ်ဘူနယ်စားကြီး ကိုရွှေမိုး ဦးစီးဖွင့်လှစ်တဲ့ တို့ပိုင်တဲ့မြေ စားသောက်ဆိုင်နဲ့ မီနီစတိုးမှာ အိမ်ထမင်း အိမ်ဟင်းနဲ့ ဝေးနေတဲ့ ညီအကိုမောင်နှမများ လျှာရင်းမြက်စေဖို့ အတွက် အထူးအရသာ ကောင်းမွန်သော မြန်မာ ထမင်း ဟင်းလျာများ၊ ဖွယ်ဖွယ်ရာရာ တောစာတောင်စာများ အပြင် တရုတ်နဲ့ အိန္ဒိယ အစားအစာများကို အနုပညာ ရသဆန်စွာ စားသုံးနိုင်ရန် စီစဉ်ထားတာမို့ တို့ပိုင်တဲ့မြေ ကို တခေါက်တခါ ကြွခဲ့ပါလို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ။

စားဖွယ်ခဲဖွယ်များကို အဖျော် ယမကာ ၀ိုင် ဗျစ် နဲ့တကွ တွဲဖက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ စပါယ်ရှယ် ဒန်ပေါက်နဲ့ သူ့တွဲဖက်အဖြစ် ပျားလိမ္မော် ဒိန်ချဉ်ကို ပြုလုပ်ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ။ မွေးနေ့ အလှူမင်္ဂလာပွဲများကို အော်ဒါလက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး၊ ဖုန်းကဒ်မျိုးစုံနဲ့ အရသာပို ဈေးချိုသော ထိုင်းဆန်, အမေရိကန်ဆန်နဲ့ အိမ်သုံးပစ္စည်းတချို့ကိုလည်း ဖုန်းဖြင့် ဆက်သွယ် မှာယူရုံမျှဖြင့် အိမ်အရောက်ပို့ ပေးမည် ဖြစ်ကြောင်းပါ ခင်ဗျာ…။

ချစ်ခင်လေးစားစွာဖြင့်

ကိုရွှေမိုး (နမ်ဘူနယ်စားကြီး)
တို့ပိုင်တဲ့မြေ

စားသောက်ဖွယ်ရာ စာရင်းကို ဒီမှာ ကြည့်ပါ။

လမ်းညွှန်…


ဘူဖျောင်းဘူတာ တောင်ဘက်ထွက်ပေါက် နံပတ် မှ တည့်တည့် လမ်းလျောက်လာပါက ၄ မိနစ်ဗုဒ္ဓသာသနာပြု ကျောင်းတော်မှ ဆိုးလ်ဘက်သို့ လမ်းလျောက်လာပါက ၄ မိနစ် နှစ်ဘက်သော အရပ်မှ ၄ မိနစ်ခန့်စီ လမ်းလျောက်လာပြီး ဦးစွာ တွေ့ရသည့် ပဲရစ်ပေါင်မုန့်ဆိုင် လမ်းလေးဆုံမှ လှမ်းမြင်ရသော Shinhup Bank ကို အနည်းငယ် ကျော်လာပြီး 7 & eleven စတိုးလ်ဆိုင်၏ ဘေးလမ်းကြားတွင် တို့ပိုင်တဲ့မြေ တည်ရှိပါတယ်။
====

ကိုရီးယားသို့  E9 ဗီဇာ ဖြင့် အသစ်ရောက်ရှိလာသော မြန်မာနိုင်ငံသား ညီအကိုမောင်နှများအတွက် ဈေးနှုန်းချိုသာသော လက်ကိုင်ဖုန်းအမျိုးမျိုး (လိုင်းဖုန်း/ကဒ်ဖုန်း)နဲ့ တကွ စမတ်ဖုန်း အိုင်ဖုန်း အစရှိသည်များကို တို့ ပိုင်တဲ့မြေမှာ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ကိုရီးယားရောက် ရွှေမြန်မာ ညီအကို မောင်နှမများ ခင်ဗျာ
နောက်ထပ်အသိပေးလိုတာ တခုကတော့
အထွေထွေ ၀န်ဆောင်မှုလုပ်ငန်းအဖြစ်  ကိုရီးယားလူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သော တရားဝင်ဗီဇာလိုအပ်သူများ၊ ဗီဇာသက်တမ်း တိုးလိုသူများ၊ ကိုရီးယားသို့ ဆေးဝါးကုသလိုသူများ ခန္ဒာကိုယ် အလှပြုပြင်လိုသူများ၊ ရွှေမြန်မာ ညီအကိုမောင်နှမတို့ရဲ့ မိဘဆွေမျိုးသားချင်းများ ကိုရီးယားကို အလည်လာတဲ့အခါ စက်ရုံအလုပ်ကြောင့် မအားမလပ်ဖြစ်ပြီး လိုက်မပို့နိုင်တဲ့ လိုအပ်ချက်လေးကို တို့ပိုင်တဲ့မြေမှ တာဝန်ယူ ဖြည့်ဆည်းပေးနေပါပြီ။  
အသေးစားဧည့်လမ်းညွှန်ကို 
လိုအပ်တဲ့အခါမှာ တို့ ပိုင်တဲ့မြေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါပြီခင်ဗျာ။
အောက်ပါ ဖုန်းနံပတ်များကို ဆက်သွယ်ပြီး တာဝန်ပေးနိုင်ပါတယ်။
သင်၏ စိတ်ချမ်းသာမှုသည် ကျနော်တို့၏ ၀န်ဆောင်မှု
၀၁၀ ၈၇၁၄ ၇၀၁၉ / ၀၇၀ ၄၁၁၁ ၇၀၁၉

ချစ်ခင်လေးစားစွာဖြင့်
ကိုရွှေမိုး (နမ်ဘူနယ်စားကြီး)
တို့ ပိုင်တဲ့မြေ
======================





ထို့ အပြင်  .အသေးစားဧည့်လမ်းညွှန် လုပ်ငန်းများနဲ့  ပတ်သက်ပြီးခင်မင်ရင်းနှီးစွာ ဆက်သွယ်မေးမြန်း လုပ်ကိုင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်တယ်ခင်ဗျာ။

No comments: