ရေးသားသူ — ကိုလူချစ်
လာမည့် ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ကာ ကိုရီးယားတရားရေးဝန်ကြီးဋ္ဌာန လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ ရက်လွန်နေထိုင်သူ နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးနိမ်နင်းရေး စီမံချက် လုပ်ဆောင်မည်ဖြစ်ပါသည်။ ထို အဖမ်းအဆီးပြုလုပ်ရာတွင် ရက်လွန်နေထိုင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ရာ စက်ရုံအလုပ်ရုံအတွင်းသို့ ၀င်ရောက် ဖမ်းဆီးနိုင်ပြီး ရက်လွန်နိုင်ငံခြားသားများ နေထိုင်ရာ အိမ်များကိုလည်း ၀င်ရောက်ဖမ်းဆီးနိုင်မှုများ ရှိနိုင်ပါသည်။ စက်ရုံအလုပ်ရုံအား ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်မည်ဆိုလျှင် သက်ဆိုင်ရာ လုပ်ငန်းရှင်၏ ခွင့်ပြုချက် ယူရသလို နေထိုင်ရာ အိမ်များအား ၀င်ရောက် ဖမ်းဆီးမည်ဆိုလျှင်လည်း နေထိုင်သူ အိမ်ရှင်၏ ခွင့်ပြုချက်ယူခြင်းမရှိပဲ ၀င်ရောက်ဖမ်းဆီးခြင်းသည် တရားမ၀င် လုပ်ရပ်တစ်ခု ဖြစ်ပါသည်။ ထိုသို့ ကြုံတွေ့ခဲ့လျှင်လည်း အဖမ်းအဆီးရေး အဖွဲ့ဝင်များထံသို့ ၀န်ထမ်းကဒ်နှင့် ဖမ်းဆီးခွင့် လက်မှတ်တို့အား တောင်းယူစစ်ဆေးပိုင်ခွင့်ရှိပါသည်။ သို့သော် မည်သည့်နည်းဖြင့်မဆို ရက်လွန်နေထိုင်သူ ဖြစ်ပါက အဖမ်းအဆီးနှင့် တွေ့ကြုံရမည်ဆိုလျှင် မိမိတို့ သက်ဆိုင်ရာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့ခံရမည်ဖြစ်သဖြင့် ကိုယ်နှင့် နီးစပ်ရာ သူငယ်ချင်းအပေါင်းအသင်းများ ယခု သတင်းအား ပြန်လည်ဖြန့်ဝေပေးပြီး မိမိကိုယ်တိုင်လည်း သတိဖြင့် နေထိုင်သွားလာခြင်းသည် ပိုမိုအရေးကြီးပါသည်။
Tuesday, October 13, 2009
အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment