Friday, October 23, 2009

နာရေးသတင်း၊ အသုဘရှု ဖိတ်ကြားခြင်း

မောင်မျိုးညီညီထွေး, အသက် ၂၃ နှစ် သည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက အင်ချွန်းမြို့ ဂီးဆေးရုံတွင် ကွယ်လွန်သွားခဲ့ပါသည်။

ရန်ကုန်မြို့, ၃၉ လမ်းနေ ဦးအုန်းမြင့် ဒေါ်လှမြင့် တို့၏သား မောင်မျိုးညီညီထွေးသည် လွန်ခဲ့သည့် သြဂုတ်လက ကိုရီးယားနိုင်ငံသို့ အလုပ်ပါမစ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီး၊ အင်ချွန်းမြို့ ဂွာဂျာဒုံအရပ်ရှိ ဓာတုဗေဒစက်ရုံတခုတွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ယခုလဆန်းပိုင်းက နေထိုင်မကောင်း ဖြစ်သဖြင့် ဆေးရုံတက်ရောက် ကုသနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။

၂၀၀၉ အောက်တိုဘာ ၂၅ ရက်, တနင်္ဂင်္နွေနေ့ နံနက် ၆ နာရီတွင် ပူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်ရှိ အသုဘဆောင်၌ ရက်လည်ဆွမ်းသွတ်ပြီး၊ မွန်းတည့် ၁၂ နာရီတွင် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ပူဖျောင်းသုဿန်သို့ ပို့ဆောင် မီးသဂြိုဟ်မည် ဖြစ်ပါ၍ အသုဘရှု ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)

No comments: