Thursday, November 5, 2009

မြန်မာအလုပ်သမားများအတွက် အလုပ်သမားရေးရာ ဟောပြောပွဲ ပြီးစီး ၊ အလိမ်ခံထားရသည့် အလုပ်သမားများ ဆက်လက်တိုင်ကြားမည်

ကိုဝိုင်း(မိုးညှင်း)
နိုဝင်္ဘာ ၃ ၊ ဆောအူးလ်မြို့ ။

နိုဝင်ဘာလ ၁ရက်နေ့နေ့လယ် ၂နာရီအချိန်မှ ၅နာရီ ခွဲထိ ၊ အင်ချောန်မြို့တော်ရှိ ဓမ္မဒူတဆင်တာ(ကိုရီးယား)တွင် ကိုရီးယားနိုင်ငံရွှေ့ပြောင်းအလုပ်သမားများ ပူးတွဲကော်မတီ(Joint Committee with Migrants in Korea:JCMK) ရုံးအဖွှဲမှူး မစ္စတာ လီယောင် (Lee Yeong) ဦးဆောင်၍ ကိုရီးယားနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့ သိသင့်သိထိုက်သည်များ ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ဟောပြောပွဲသို့ မိမိအရေးမိမိစိတ်ဝင်စားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ ခန့်တက်ရောက် ခဲ့ကြကြောင်း ၊ ဟောပြောပွဲအပြီးတွင် ကိုရီးယားတွင် မြန်မာအလုပ်သမားများရင်ဆိုင်နေကြရသည့် အခက်အခဲများနှင့် ပြဿနာများကို ရင်းနှီးစွာ ထုတ်ဖော်တင်ပြဆွေးနွေးခဲ့ကြကြောင်း ၊ ဆွေးနွေးခဲ့ကြသည်များ အနက် ကိုရီးယား နိုင်ငံရောက်မြန်မာများ အထူးစိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ ၊ ယခုအခါ မြန်မာ အလုပ်သမား ၃၀ကျော်တို့ စုပေါင်း အရေးဆို တိုင်တန်း ထားခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းတစ်ခုကို သက်ဆိုင်ရာဌာနတွင် ဥပဒေအနှင့် အညီ အမှုဖွင့် အရေးယူ တိုင်တန်းထားပြီး ဖြစ်ကြောင်း ၊ အမှု ဖြစ်စဉ်မှာ သင်တန်းသားစနစ်ဖြင့် ကိုရီးယားသို့ သင်တန်းသား (အလုပ်သမား)များ ပို့ဆောင်ပေးခဲ့သည့် အကျိုးဆောင်လုပ်ငန်းတစ်ခုသည် ကိုရီးယားအစိုးရက သင်တန်းသားစနစ်ကို ဖျက်သိမ်းလိုက်သဖြင့် လုပ်ပိုင်ခွင့်ကုန်ဆုံးသွားသည့်တိုင် အကျိုးဆောင်ခအဖြစ် အုပ်ချုပ်မှုစရိတ် (Management Fee) ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ အလုပ်သမားများထံမှ (၆) လလျင် ၁၉၈,၀၀၀ ဝမ် ဆက်လက်ကောက်ခံခဲ့သည့်ကိစ္စနှင့် ၊ အိမ်ပြန်စရိတ်အာမခံငွေ (Return Cost Insurance Trust) များကို သက်ဆိုင်ရာ အလုပ်သမားက မသိဘဲ ဆမ်ဆောင်းအာမခံဌာန(Samsung Fire & Marine Insurance) ထံမှ ကြားဖြတ် ထုတ်ယူထားသည့် ကိစ္စဖြစ်ကြောင်း ၊ ယခုအခါ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ၊ အမှုမှာ လိမ်လည်မှု နှင့် စာရွက်စာတမ်း အတုပြုလုပ်မှုတို့ ဖြစ်ကြောင်း ၊ တိုင်ကြားသူအလုပ်သမားများဖက်က စာရွက်စာတမ်းများ အပြည့်အစုံပါရှိကြောင်း မှန်ကန်လျင် လိမ်လည်ရယူထားသည့် အကျိုးဆောင်လုပ်ငန်းက အရေးယူခံရမှာ ဖြစ်သလို လိမ်လည်ထားငွေများလည်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၊ အလားတူ လိမ်လည်ခံထားရသူများ ရှိပါက ဆက်လက်တိုင်ကြားနိုင်ကြောင်း တိုင်ကြားလိုသူများကို ထပ်မံစုစည်းကာ ထပ်မံတိုင်ကြားသွားရန် အစီအစဉ်များရှိကြောင်း ၊ တိုင်ကြားသူများ၏ လုံခြုံရေးအတွက် တိုင်ကြားသူများစာရင်းနှင့် အချက်အလက်များ ကိုလည်း မသက်ဆိုင်သူများ မသိရှိစေရေး လုံခြုံစွာထိမ်းသိမ်းထားမည်ဖြစ်ကြောင်း ၊ စိတ်ဝင်စားသူများ သို့မဟုတ် မတရားဖြတ်တောက်ခံထားရငွေ ပြန်လည်ရယူလိုသူများသည် အီးမေးလ်လိပ်စာ(iju.oppa@gmail.com) နှင့် (smthu2006@gmail.com) ထံသို့ ဖြစ်စေ ၊ ဖုန်းနံပါတ်(010-2331-2457,010-7155-6581)ထံသို့ဖြစ်စေ ဖက်စ်နံပါတ် (02-2631-0174) ထံသို့ဖြစ်စေ သင့်ရာနည်းဖြင့် နိုဝင်္ဘာလ ၁၂ရက် ကြာသပနေးနေ့နောက်ဆုံးထား၍ အောက်ဖော်ပြပါ အချက်အလက်များကို ပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်-
(ပေးပို့ရမည့်အချက်အလက်များ)
(၁) အမည်
(၂) မည်သည့်နိုင်ငံသား
(၃) နိုင်ငံခြားသားမှတ်ပုံတင်အမှတ်(အရပ်အခေါ်တီကပ်နံပါတ်)
(၄) စက်ရုံလိပ်စာ

ထို့ပြင် ၊ တိုင်ကြားလိုသူများသည် မိမိတို့၏ နိုင်ငံခြားသားမှတ်ပုံတင်မိတ္တူပူးတွဲပေးပို့ရမည်ဖြစ်ကြောင်း၊ ၂၀၀၇-ခုနှစ် ဒီဇင်္ဘာလနောက်ပိုင်း အဖြတ်ခံထားရသည့် စီမံခန့်ခွဲမှုစရိတ်များနှင့် အပြန်စရိတ်အာမခံငွေများသာ အကျုံးဝင်မည် ဖြစ်ကြောင်း ၊ စီမံခန့်ခွဲမှုစရိတ်နှင့် အပြန်စရိတ်အာမခံငွေ ဟူ၍ ၂မျိုးခွဲပြီး တရားစွဲဆိုမည် ဖြစ်သည့်အတွက် မည်သည့်အတွက်တိုင်ကြားခြင်းဖြစ်သည်ကို တိတိကျကျဖော်ပြပေးရမည်ဟု မေတ္တာရပ်ခံထားသည်ဟု ဆိုပါသည် ။
ဟောပြောပွဲမှတ်တမ်းများမှာ-


No comments: