ရေးသားသူ — နေသစ်
6-Year-Old Girl with Brain Cancer Hid Love Notes for Her Parents to Find After Her Death
When 6-year-old Elena Desserich was diagnosed with brain cancer, she began hiding hundreds of little love notes around the house for her parents to find after she was gone. Here’s the story:
Just before her sixth birthday, Elena Desserich was diagnosed with brain cancer and given 135 days to live. She lived 255 days, passing away in 2007. After her death, Elena’s parents, Brooke and Keith, found hundreds of notes from Elena hidden around the house — in between CD cases, between bookshelves, in dresser drawers, in backpacks….
"It just felt like a little hug from her, like she was telling us she was looking over us"
Elena’s parents, Brooke and Keith Desserich, have now published these notes in a book called Notes Left Behind to fund a non-profit organization The Cure Starts Now dedicated to fighting pediatric brain cancer.
Elena left hundreds of notes like these:
အသက် ၆ နှစ် အရွယ်မှာ Elena Desserich လေး ဦးနှောက်ကင်ဆာရောဂါ ရခဲ့သတဲ့။ အဲဒီအချိန်က စပြီး သူမဟာ သူရေးထားတဲ့ စောင်ရေ ရာချီတဲ့ မေတ္တာစာလေးတွေကို တအိမ်လုံး နေရာအနှံ့ လျှောက်ဝှက်ထားသတဲ့။ အကြောင်းကတော့ သူမ ဘ၀တပါး ပြောင်းသွားပြီးချိန် သူ့မိဘနှစ်ပါးက ဒီစာတွေကို တွေ့ရှိ ဖတ်ရှုနိုင်ဖို့ ဖြစ်မှာပေါ့။
ဇာတ်ကြောင်းလေးက ဒီလို စသဗျ။ Elena Desserich အသက် ၆ နှစ်ပြည့် မွေးနေ့ မတိုင်ခင်လေးမှာ ဦးနှောက်ကင်ဆာရောဂါ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရတယ်တဲ့။ ဒီရောဂါကြောင့် ရက်ပေါင်း ၁၃၅ ရက်လောက်သာ သူမ နေရတော့မတဲ့။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူမ ရက်ပေါင်း၂၅၅ ရက် လူ့လောကမှာ ရှင်သန်ခွင့်ရခဲ့ပြီး ၂၀၀၇ ခုနှစ်ထဲမှာ ဆုံးပါးသွားခဲ့တယ်။ အီလီနာ ဆုံးပြီးတဲ့နောက် သူမရဲ့ မိဘတွေဖြစ်တဲ့ Brooke နဲ့ Keith တို့က စီဒီဗူးတွေကြား၊ စာအုပ်စင်တွေကြား၊ နောက် အ၀တ်ထည့်အံဆွဲတွေနဲ့ ကျောပိုးအိတ်တွေထဲ... အဲသလို အိမ်နေရာအနှံ့က ပစ္စည်းပစ္စယတွေကြားမှာ အီလီနာလေး ၀ှက်ထားခဲ့တဲ့ ရာချီတဲ့ စာတိုလေးတွေကို တွေ့ခဲ့ရသတဲ့။
သူမရဲ့ မိဘတွေကတော့ “သမီးလေးရဲ့ ပွေ့ဖက်မှုလေး တခုလို၊ အပေါ်စီးက ငုံ့ကြည့်ရင်း ကျမတို့ကို စကားဆိုနေသလို ခံစားရပါတယ်” တဲ့။
အီလီနာလေး ချန်ထားခဲ့တဲ့ မေတ္တာစာတိုလေးတွေကတော့ ဒီလိုဟာလေးတွေတဲ့ဗျာ။
သူ့မိဘတွေဖြစ်တဲ့ Brooke နဲ့ Keith Desserich တို့ကတော့ ဒီစာလေးတွေကို "Notes Left Behind" “ချန်ထားခဲ့တဲ့ စာလေးတွေ” အမည်နဲ့ အခု စာအုပ် ထုတ်ဝေလိုက်သတဲ့။ ကလေးငယ်တွေနဲ့ ဆိုင်တဲ့ ဦးနှောက်ကင်ဆာရောဂါ တိုက်ဖျက်ဖို့ အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ The Cure Starts Now ဆိုတဲ့ ကုသိုလ်ဖြစ်အဖွဲ့ကြီးရဲ့ ရန်ပုံငွေ အတွက်လို့ ဆိုပါတယ်။
ကဲ ဒီမှာစပြီ ဆရာပေါ်နဲ့ ဆရာညီဇေရေ...။ ကျနော်တော့ ကုလားထိုင်ပေါ် ထိုင်ရုံရှိသေး တန်းဖတ်မိလိုက်တဲ့ စာလေးဟာ ရင်ကို မြားတစ်စင်းအလား လာမှန်သဗျာ။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးပေမယ့် ကျနော်တို့ လုပ်မယ်ဆို ဒီလောကကြီးမှာ လုပ်နိုင်တာတွေ အများကြီး ရှိနေတာပဲလို့ ကျနော်တော့ (ဟဲဟဲ တဒင်္ဂသတ္တိရှိတာပဲ ဖြစ်ဖြစ်) ရဲရဲဝံ့ဝံ့ကြီးကို ခံစားလိုက်မိပါသဗျာ။
Friday, November 6, 2009
ချန်ထားခဲ့တဲ့ စာလေးတွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment