Saturday, April 17, 2010

ကိုရီးယားရောက်မြန်မာညီအစ်ကိုမောင်နှမများ ၊ နာဂစ်မုန်တိုင်းသင့်ကျေးရွာဆေးပေးခန်းလှူကြမည်

ကိုဝိုင်း(မိုးညှင်း)

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ၊ ကျုံကျိုက်ကျေးရွာအုပ်စု ၊ ကျုံသင်ကျေးရွာသည် အိမ်ခြေ ၁၁၆ အိမ်တွင် ၊ လူဦးရေ ၅၀၀ ခန့်နေထိုင်ကြလျက်ရှိပြီး ၊ သွားရေးလာရေး ခက်ခဲသောကျေးရွာဖြစ်သည် ။ ယခုအခှါ ကျေးရွာလူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရထံမှ ကျန်းမာရေးဝန်ထမ်း (သားဖွားဆရာမ) တစ်ဦး ရရှိထားကြောင်း ၊ သို့ရာတွင် ကျန်းမာရေးဆေးပေးခန်းကိုမူ မည်သည့်အချိန်တွင် ရရှိမည်ကို မသိရှိနိုင်သေး ကြောင်း ၊ ကျေးရွာလူထုအတွက် ကျေးရွာဆေးပေးခန်း တစ်ခုလိုအပ်နေကြောင်း ၊ ကိုယ့်အားကိုယ်ကိုး ဆေးပေးခန်း တစ်ခု ဆောက်လုပ်လိုကြသော်လည်း နာဂစ်မုန်တိုင်းဒဏ်သင့် ကျေးရွာဖြစ်နေသဖြင့် လုပ်အား အကူအညီကိုသာပေးနိုင်ပြီး ငွေရေးကြေးရေးအခက်အခဲရှိနေကြကြောင်း ၊ ထို့ပြင် အကြောင်းအမျိုးမျိုး အခက်အခဲအမျိုးမျိုးတို့ကြောင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ အကူအညီ ကိုလည်း မရရှိနိုင်ဘဲ ဖြစ်နေ ကြောင်း ၊ ဆေးပေးခန်းမှာ ကျပ်သိန်း ၃၀ ခန့်ကုန်ကျမည်ဟု တွက်ချက် ခန့်မှန်းထားကြကြောင်းလည်း သိရသည် ။

စိတ်တူကိုယ်ညီ ညီအစ်ကိုမောင်နှများက အဆိုပါကွက်လပ်ကို ဖြည့်ဆည်းသော အားဖြင့် ၊ ကိုရီးယား နိုင်ငံရောက် ညီအစ်ကိုမောင်နှတို့၏ ချွေးနှဲစာများကို စုစည်းပြီး ၊ အမြန်ဆုံး ပေးပို့လှူဒါန်းသွားရန် စီစဉ်နေ ကြောင်း ၊ အလှူငွေ ကောက်ခံပေးလိုသည့် ညီအစ်ကိုမောင်နှမများနှင့် အဆိုပါအစီအစဉ်ကို စိတ်ပါဝင်စားသည့် ညီအစ်ကိုမောင်နှမတို့သည် မိမိတို့ သိလိုသည့် အသေးစိတ် အချက်အလက် များကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ မေးမြန်းနိုင်ပြီး ၊ သဒ္ဓါတတ်အားသ၍ နည်းများမဟူ ပါဝင် လှူဒါန်းနိုင်ကြကြောင်းသိရသည်-

- ၀၁၁-၉၃၈၆-၇၁၅၃ ။

- ၀၁၆-၂၄၈-၃၃၃၈ ။

- ၀၁၀-၂၃၃၁-၂၄၅၇ ။

- ၀၁၀-၆၃၀၈-၆၇၁၉ ။

- ၀၁၀-၅၀၀၂-၁၉၇၁

ညီအစ်ကိုမောင်နှမတို့၏ အလှူငွေများကို ဟန်းဂုရွာဘလော့စာမျက်နှာတွင်လည်းကောင်း ၊ အခြား အဆင် သင့်ရာ မီဒီယာများတွင်လည်းကောင်း အဆင်ပြေသလို တင်ပြ ထုတ်ပြန် ပေးသွားမည်ဟု ဆိုပါသည် ။

ရည်ညွှန်းစာ -

- ဤနေရာတွင် ကြည့်ရှုနိုင်ကြပါသည် ။ ( ကလစ် )



No comments: