မြန်မာအသင်း (ကိုရီးယား) မှ ကြီးမှူးကျင်းပသည့် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် (၂၀၁၀)ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ကိုရီးယားရောက် ရွှေမြန်မာ ညီအကို မောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၂၀၁၀ ဧပြီ ၁၈
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ
စတုဒိသာ ကျွေးမွေးမည့် မဏ္ဍပ်များ၊ ပါဝင်ဆင်နွဲမည့် ကိုရီးယား အခြေစိုက် အသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပွဲတော်အစီအစဉ် အပြည့်အစုံနှင့် လမ်းညွှန်ကို အောက်တွင် Read More နှိပ်၍ ဆက်လက် ဖတ်ရှုပါ။
မဏ္ဍပ်များနှင့် အကျွေးအမွေး
၁) မြန်မာအသင်း (ကိုရီးယား) - ဗဟို ရေကစားမဏ္ဍပ်
၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယား) - ဒိန်ချဉ်နှင့် အုန်းနို့ထန်းလျက်
၃) မြန်မာကလေးသူငယ် ပညာရေးထောက်ပံ့မှုအစီအစဉ် - ငှက်ပျောသီးပူတင်း
၎) ဘားမားအက်ရှင် (ကိုရီးယား) - ဆမူဆာသုတ်
၅) မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် - အုန်းနို့သာကူ
၆) ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) - ကျောက်ကျော
၇) မွန်အသင်း (ကိုရီးယား) - အအေးနှင့် မုန့်
၈) ရခိုင်အသင်း (ကိုရီးယား) - ရခိုင်မုန့်တီ
၉) ကင်ပိုလူငယ်များအဖွဲ့ - ကြေးအိုး
၁၀) ဂွမ်ဂျူးလူငယ်များအဖွဲ့ - မကျည်းဖျော်ရည်
၁၁) အန်ဆန်း-ရှီဝါ လူငယ်များအဖွဲ့ - သင်္ဘောသီးအသုတ်စုံ
၁၂) အမြဲတမ်းမင်္ဂလာရှိသောလူငယ်များ - စတော်ဘယ်ရီဖျော်ရည်၊ ၀က်သားတုတ်ထိုး
၁၃) ရိန်းဘိုးတေးဂီတ - ကော်ဖီ၊ သောက်ရေ
၁၄) စကားဝါမိသားစု - သရက်သီးဖျော်ရည်နှင့် ကိုရီးယားမုန့်လုံးရေပေါ်
၁၅) မိုးကြိုးအဖွဲ့ - ၀က်သားတုတ်ထိုး၊ ကြာဆံကြော်
၁၆) ဖျောင်းတက်သူငယ်ချင်းများ - နှစ်သစ်လက်ဆောင် မျက်နှာသုတ်ပ၀ါ
၁၇) အဖြူရောင်သူငယ်ချင်းများ - အုန်းနို့ခေါက်ဆွဲ
၁၈) မြန်မာ လက်ရွေးစင် ဘောလုံးအသင်း -
၁၉) အမေ့အိမ်စားသောက်ဆိုင် - ကြာဆံကြော်၊ ၀က်သားတုတ်ထိုး
၂၀) ကူးမားအဖွဲ့ (ကိုရီးယား) -
၂၁) ကမ္ဘောဒီးယားအသင်း (ကိုရီးယား) - ရိုးရာအစားအစာ
၂၂) ကမ္ဘာ့ဗုဒ္ဓသာသနာပြုအသင်း (ကိုရီးယား) - မြန်မာမုန့်လုံးရေပေါ်
(မှတ်ချက် = အမှတ်စဉ် ၂၀, ၂၁, ၂၂ တို့မှာ နိုင်ငံခြားသား အဖွဲ့အစည်းများ ဖြစ်ပါသည်။)
လမ်းညွှန်
*** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅, ၆၀, ၉ ဘတ်စ်ကားများ၊ သို့မဟုတ် *** ပူချွန်းဘူတာမှ ဘတ်စကား အမှတ် ၃ စီး၍ 부천 종합운동장 (ဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။
သင်္ကြန်ပွဲ အစီအစဉ်
- အဖွင့် = မြန်မာအသင်း ဥက္ကဋ္ဌ၊ ဆော့ဂွမ်ဆာ ဆရာတော်၊ ပူချွန်းမြို့တော်ဝန်၊ တို့၏ အဖွင့်စကားနှင့် အဖွင့်တေး
- ဖျော်ဖြေရေး = မြန်မာအသင်း ရိန်းဘိုးတေးဂီတ၊ မျိုးချစ်မောင် ဒိုးပတ် သံချပ်၊ ရခိုင်ရိုးရာအဖွဲ့၊ ပြဇာတ်နှင့် ကူးမားလူငယ်တေးဂီတ
- ပျော်ရွှင်ရေး = ရေပက်ကစားမည် ဖြစ်ပါ၍ ၀တ်စုံအပို ယူဆောင်လာပါ
No comments:
Post a Comment