Saturday, January 23, 2010

အသိညဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေရဲ့လုပ်ရပ် ၊ မှားလားမှန်လားဝင်ကြည့်လိုက်ကြပါ ။

ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။ အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။ ဒါကြောင့် တချို့ အင်္ဂလိပ်စာ အားနည်းတဲ့လူတွေ (အဲဒီလူတွေထဲမှာ ကျနော်လည်း အပါအဝင်) နားလည်ပြီး ဖတ်လို့ရအောင် တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ အမှားပါရင်လည်း စေတနာအမှားလို့ နားလည်ပေးပါ။ မှားခဲ့ရင် တကယ်တတ်တဲ့လူတွေက ထပ်ပြင်ပေးကြပေါ့။

ဆလိုင်း ဟံသာစန်း

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

Denmark is a big shame

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။









It's because of the cruelty that the human beings (civilised human) kill hundreds of the famous

and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီးနီစွေးနေတာပါ။









This happens every year in Feroe island (not Iceland) in Denmark . In this slaughter

the main participants are young teens. WHY?

To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေကအဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက်လင်းပိုင်တွေကို သတ်ပြဖို့လိုအပ်တယ်လေ။









In this big celebration, nothing is missing for the fun. Everyone is participating in one way or the other,

killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီးသတ် ၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ကြည့်လေ့ရှိကြတယ်။









Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့

သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။


















They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့တစ်ချက်ပြီးတစ်ချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။










But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင်ထားလိုက်ကြတယ်။








Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။









Take care of the world, it is your home!

Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။

***

Please type your name and forward to as many people as possible. Sign and send on – this is serious.....

Sign Against this cruelty:

တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။

ထားကောင်းပါတယ်။ ထားသင့်ပါတယ်။

တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့ ။

ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။

နောက်ပြီး ဒီလို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တစ်ထောင့်တစ်နေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်ပါ။

အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်ချင်းစာတရား ထားတတ်ကြပါစေ ။

ဒီpost လေးက ညီမလေးတစ်ယောက်ပို့ပေးလိုက်တဲ့ forwoad mail လေးပါ....ပို့ပေးတဲ့ ညီမလေးကိုကျေးဇူး အထူးတင်ပါတယ်...။

ဒီမေးကို ရေးပို့လိုက်သူရဲ့ ခံစားချက်ကလေးကိုပါထည့်ပေးလိုက်ပါတယ် ။

ရည်ညွှန်းစာ-

- http://forverfriends.ning.com/main/sharing/share?id=2863689%253ABlogPost%253A442322

-http://www.hoax-slayer.com/denmark-whaling.shtml

7 comments:

Unknown said...

အဲဒါ ဒိန်းမတ်မဟုတ်ဘူး၊ ဟိုတလောကလည်း ဘလော့လောက လူတွေ ဒီလို လျှောက်ရေးနေတယ်၊ စောက်ရှက်ကို မရှိဘူး၊ အဲဒါ ဒိန်းမတ်နိုင်ငံမဟုတ်ဘူး၊
အဲဒါ Island နိုင်ငံ၊ သတင်းတစ်ခုကို သေသေချာချာ
အရင် စုံစမ်းပါ။

ကိုလူချစ်(ကိုရီးယား) said...

Nightin ရဲ့ အမှန်တရား မြတ်နိုးမှုကို လေးစားပါတယ်။ ဒီပို့စ် တင်ထားတဲ့သူ ဖော်ပြထားတဲ့ ဓါတ်ပုံတွေကတော့ ဒိန်းမတ်နိုင်ငံဆိုတာ မှန်ပါတယ်။ ဒိန်းမတ်နိုင်ငံ Hoyvik ဆိုတဲ့ ရွာက လူတွေရဲ့ ရိုးရာ ဓလေ့တစ်ခုပါ။ ဒိန်းမတ်အစိုးရက ပိတ်ပင်ဖို့ ကြိုးစားပေမယ့် သူတို့ ဒေသရဲ့ ရိုးရာဓလေ့ ဖြစ်နေတော့ မအောင်မြင်ဘူးလို့ ဆိုပါတယ်။ နှစ်စဉ် မေလ နှောင်းပိုင်းကနေ အောက်တိုဘာလ လဆန်းပိုင်းအထိ လုပ်တယ်လို့ သိရပါတယ်။ အိုက်စလန်နိုင်ငံကတော့ လင်းပိုင်ကို တံငါလုပ်ငန်းအဖြစ် လုပ်ကိုင်တဲ့နိုင်ငံပါ အဲဒါကြောင့် Euကတောင် ကန့်ကွက်ထားပါတယ်။ လင်းပိုင်ကို တံငါလုပ်ငန်းလုပ်တဲ့ နိုင်ငံတွေထဲမှာ နော်ဝေးနဲ့ ဂျပန်လည်း ပါပါတယ်။

Unknown said...

Hoyvik ရွာဟာ ဒိန်းမတ်က မဟုတ်ဘူး၊ ဒိန်းမန်နိုင်ငံပိုင် fanø ကျွန်းကလည်း မဟုတ်ဘူး၊ ဒီသတင်းရဲ့ သမိုင်းကြောင်းကို
အင်တာနက်ပေါ်မှာ သေသေချာချာ ရှာပါ၊ သူများ ပြောတိုင်း လက်မခံပါနဲ့၊ ဒီပွဲတော်ဟာ အိုက်စလန်ရဲ့
ပွဲတော်၊ ဥရောပ ယဉ်ကျေးမှုကို သေသေချာချာ လေ့လာပါ။

ကိုဝိုင်း (မိုးညှင်း) said...
This comment has been removed by the author.
ကိုဝိုင်း (မိုးညှင်း) said...

ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ၊ ဒီကမ္ဘာပေါ်မှာ အဲသည်လို လုပ်နေကြတယ်မဟုတ်ဘူးလား ။ အဲသည်ပုံတွေဟာ အင်တွေမဟုတ်ဘူးဆိုတာ ယုံကြည်လို့ ထပ်တင်လိုက်တာပါ ။ အင်တွေ ဆိုရင်တောင်ဗျာ ကျနော်တို့ ကမ္ဘာမှာ မူလပို့စ်ဝေမျှတဲ့ သူရဲ့သဘောထားမျိုး ရှိသင့်တယ်လို့ ယူဆကြောင်းပါဗျာ ။

ရှင်မင်း said...

Nightin ...ပြေပြေလည်လည်ပေါ့ဗျာ...
စောက်ရှက်ရှိတာမရှိတာ ပြောဖို့မလိုပါဘူး...
အဲဒီစကားသုံးဖို့ လိုမလို အရင်စဉ်းစားပါ...။
ပြောချင်တာဘာလဲ....
ဘာကြောင့်ပြောရတာလဲ နားလည်ပေးလိုက်ပါဗျာ...

ကိုလူချစ်(ကိုရီးယား) said...

http://en.wikipedia.org/wiki/Hoyv%C3%ADk

ဘယ်နိုင်ငံကလည်း ဆိုတာ အဲဒီဆိုဒ်မှာ ကြည့်နိုင်ပါတယ်။