Monday, February 1, 2010

ကိုရီးယားရောက် မြန်မာများ ဆောင်းရာသီ အပန်းဖြေခရီးထွက်မည်

ကိုဝိုင်း(မိုးညှင်း)

ဇန္နဝါရီ ၁၉ ။

လာမည့် ဖေဖော်ဝါရီလ ၁၄ ရက် (ကိုရီးယားနှစ်သစ်ကူးပိတ်ရက်ကြီးနေ့) တွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး ၊ဆောင်းရာသီ အပန်းဖြေခရီးထွက်ကြမည်ဖြစ်ကြောင်း ၊ သွားရောက်မည့်နေရာမှာ (Vivaldi Park Ski World) ဗီဗယ်လ်ဒီစကိတ်စီးအပန်းဖြေဥယျာဉ်ဖြစ်ကြောင်း သိရသည် ။

လိုက်ပါလိုသူများ ဓမ္မဒူတဗုဒ္ဓဘာအသင်း(ကိုရီးယား) နှင့် မြန်မာဆိုင်များတွင် ယာဉ်နေရာများ ကြိုတင် မှာကြားရယူနိုင်ပြီဖြစ်ကြောင်း ၊ တစ်ဦးလျင် ခရီးစရိတ် ဝမ် ၃ သောင်း ၅ထောင် (အပန်းဖြေဥယျာဉ်အတွင်း ကွန်ဒိုရာမိုးပျံယာဉ်စီးခ အပါအဝင်)နှုန်း သတ်မှတ်ထားကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ဓမ္မဒူတ(ကိုရီးယား)မှ ယာဉ်များစတင်ထွက်ခွါမှာဖြစ်ပြီး ၊ နေ့လည် ၁၂ နာရီခန့်တွင် အပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၊ အပမ်းဖြေဥယျာဉ်အတွင်း စိတ်ကြိုက် အပန်းဖြေကြပြီး ညနေ ၅ နာရီတွင် အပန်းဖြေစခန်းမှ ပြန်လည်ထွက်ခွါမည်ဖြစ်ကြောင်း ၊ ကိုရီးယားနှစ်ကူးပိတ်ရက်ကြီးခရီးစဉ်ဖြစ်သဖြင့် ယာဉ်ကြိုတင်စီစဉ်ရမည်ဖြစ်ရာ ၊ လိုက်ပါလိုသူများ ဖေဖော်ဝါရီလ ၇ ရက်(တနင်္ဂနွေနေ့)ညနေ ၆ နာရီ နောက်ဆုံးထားပြီး ၀၁၀-၂၃၃၁-၂၄၅၇ ထံ စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း ၊ ၄င်းခရီးစဉ်နှင့် အတူလိုက်ပါရန် ဗီဇာရှိဖို့မလိုကြောင်း သိရသည် ။

အပန်းဖြေစခန်း အခြေအနေ ကြိုတင်သိရှိလိုသူများ ၊ အောက်ပါ ဗီဒီယိုကလစ်နှင့် ၊ ပုံများ ကြိုတင် လေ့လာနိုင်သည်ဟု ဆိုပါသည်-

ဓါတ်ပုံများမှာ- (ကလစ်)



No comments: