Wednesday, February 3, 2010

ကိုရီးယားနှစ်သစ်ကူးပိတ်ရက်အတွင်း ဓမ္မဒူတ(ကိုရီးယား)တွင် ဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) တရားပွဲများကျင်းပမည်

ဆရာတော်ကြီးသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်တွင် ဓမ္မဒူတ(ကိုရီးယား)သို့ ရောက်ရှိတော်မူပြီး ၊ ဆရာတော်ကြီး၏ တရားပွဲများကို အောက်ပါအတိုင်း စီစဉ်ထားကြောင်း သိရသည်-

ပထမနေ့(နှစ်သစ်အကြိုနေ့)ဖြစ်သည့် ၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလ၁၃ ရက်စနေနေ့

တရားပွဲအချိန် ။ နေ့လည် ၁နာရီ ၃၀ မိနစ်

တရားပွဲနေရာ ။ ဓမ္မဒူတခမ်းမ

ဒုတိယနေ့(နှစ်သစ်ကူးနေ့)ဖြစ်သည့် ၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလ၁၄ ရက်တနင်္ဂနွေနေ့

တရားပွဲအချိန် ။ နေ့လည် ၁နာရီ ၃၀ မိနစ်

တရားပွဲနေရာ ။ ဓမ္မဒူတခမ်းမ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အရုဏ်ဆွမ်း နေ့ဆွမ်း နှင့် ဧည့်သည်တော်များအတွက် အာဟာရဒါနကို မြန်မာသူကြီးနှင့် မြိတ်အသင်း(ကိုရီးယား) မိသားစုကလည်းကောင်း ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အရုဏ်ဆွမ်း နေ့ဆွမ်း နှင့် ဧည့်သည်တော်များအတွက် အာဟာရဒါနကို ဂုံဂျီအမ် မြန်မာလူငယ်များက လည်းကောင်း အသီးသီး လှူဒါန်းကြမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက် နေ့တွင်မူ မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြီး အရုဏ်ဆွမ်း နေ့ဆွမ်း နှင့် ဧည့်သည်တော်များအတွက် အာဟာရဒါနကို မွန်အသင်း(ကိုရီးယား)က ယိုးဒယားအစားအစာ (ဖတ်ကဖောင်)ဖြင့် လှူဒါန်းဧည့်ခံ မည်ဖြစ်ကြောင်းသိရသည် ။

No comments: