Tuesday, January 26, 2010

အပ္ပမာဒ ဓမ္မပုံပြင်


ရေးသားသူ — တော်ဝင်နွယ်
ဘ၀သံသရာ အမှောင်ထုထဲမှာ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ ဦးစွာကိုယ်တော်တိုင် နိုးထလာပြီး ဝေနေယျသတ္တ၀ါတွေကိုလည်း အလားတူနိုးထလာစေနိုင်သူ သဗ္ဗညုတဥာဏ်ရှင် မြတ်စွာဘုရားသခင်ကို “ဗုဒ္ဓ” လို့ရှိခိုးဦးတင်ကြပါတယ်။ ဗုဒ္ဓဆိုတာ စိတ်ဓာတ်၊ အသိဥာဏ်၊ ကိုယ်ကျင့်တရားနဲ့ အရာအားလုံး
အတွက် တစ်လောကလုံးက အတုမ့စဲံပြုရမယ့် အနှိုင်းမဲ့ ပုဂ္ဂိုလ်မြတ် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာက ကမ္ဘာလောကရဲ့  အကြောင်းအကျိုးနိယာမ အမှန်တရားနဲ့ လူ့ လုံ့ လစွမ်းရည်ကိုရှင်းလင်းစွာ သင်ပြပေးပြီး လူ့ဘ၀အရေးအခင်းမှာ မိမိကိုယ်ကို မိမိအားကိုးဖို့ သွန်သင်တော်မူပါတယ်။
လူသားဟာ အတိတ်ဘ၀ဖြစ်ရပ်မှန်တွေကို နားလည်လက်ခံကာ ပစ္စုပ္ပုန်မှာ မှန်ကန်လွတ်လပ်တဲ့ ပျော်ရွှင် ချမ်းမြေ့စွာနေထိုင်နည်းကို ကျင့်သုံးဆောက်တည်ပြီး အနာဂတ်ဆင်းရဲဒုက္ခ မျိုးစေ့အားလုံးကို ချေမှုန်းဖျက်ဆီး ပစ်ရမယ်လို့ မိန့်ကြားတော်မူပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမမှန်သမျှဟာ ကရုဏာရနံ့ သင်းပျံ့ တဲ့ နှလုံးသား ပညာပေး ငြိမ်းချမ်းရေး လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။



မြတ်စွာဘုရားရဲ့ အဆံုး အမတွေဟာ မြင့်မြတ်မှန်ကန်ပြီး အဖိုးတန်တ့ဝဲါဒ (ဒါမှမဟုတ်) စာပေယဉ်ကျေးမှု တစ်ခုအဖြစ် စာအုပ်ဘီရိုထဲမှာသာ သက်သက် ထိန်းသိမ်းစောင့်ရှောက်ထားဖို့ မဟုတ်သလို သမိုင်းရှုထောင့်က ကြည့်ပြီး ရှေးကျတဲ့ ဘိုးဘွားအမွေအနှစ်တစ်ခု၊ သိပံ္ပနည်းကျတ့ဘဲာသာရေးတစ်ရပ်အဖြစ် လေ့လာ သုတေသနပြုဖို့လဲ မဟုတ်ပါဘူး။ အမှန်က မြတ်စွာဘုရား ဆိုဆုံးမတော်မူတဲ့ အတိုင်း မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာ လက်တွေ့ ကျင့်သုံးကြဖို့ပဲ ဖြစ်ပါတယ်။
တကယ့်ဘ၀အရည်အသွေးဆိုတာ အတွေးမဟုတ်ဘဲ လက်တွေ့  လုပ်ခြင်းကို ခေါ်ဆိုတာပါ။
ဗုဒ္ဓဘာသာဝင် တစ်ဦးဟာ ဗုဒ္ဓတရားတော်တွေန့အဲ ညီ ကျင့်သုံးနေထိုင်နိုင်မယ်ဆိုရင် သတ္တိ၊ အသိဥာဏ်၊
စိတ်ငြိမ်းချမ်းမှု တွေန့အဲ တူ မိမိဘ၀ခရီးကို ပျော်ရွှင်ကျေနပ်ရောင့်ရဲစွာ ကျော်ဖြတ်နိုင်မှာဖြစ်သလို မလွှဲသာ
မရှောင်သာ ကြုံတွေ့ လာရမယ့် ခန္ဓာဒုက္ခ၊ ကံကြမ္မာဒုက္ခ၊ သံသရာဒုက္ခ တွေကိုလည်း မှန်ကန်ရဲရင့်စွာ ရင်ဆိုင်
ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓ အဆုံးအမန့အဲ ညီ နေထိုင်သူမှန်သမျှဟာ ဘ၀မှာ မျှော်လင့်ချက် ဆိတ်သုဉ်းခြင်း နဲ့  ဆံုး ရှုံး ကြေကွဲရခြင်းတွေ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ဗုဒ္ဓသာသနာတော်ဟာ
အောင်မြင်စွာပန်းဝင်လာသူတိုင်း ကို လွတ်လပ်ရေး လမ်းမကြီးပေါ်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ပန်းတွေခင်းပြီး
ထာဝစဉ်နွေးထွေးစွာ ကြိုဆိုတတ် ပါတယ်။
ဒါပေမယ့် လေးကျွန်းလုံးကို ရောင်ခြည်တစ်ထောင်နဲ့ အလင်းဆောင်နိုင်တဲ့ ရှင်နေမင်းဟာ ကန်းနေသူတွေနဲ့ အလုံပိတ်အမှောင်ခန်းမှာ ရောက်နေသူတွေကို ကျေးဇူးမပြုနိုင်သလို ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကလည်း သူတော်ကောင်းတွေရဲ့  ပါရမီအစုံ မြကြာငုံကို ဖူးပွင့်လန်းဆန်းလာစေနိုင်စွမ်းပေမယ့် ကာမဂုဏ်အာရုံလမ်းမ ကြီးပေါ်မှာ အစွန်းရောက်နေသူတွေကိုတော့ ကယ်တင်နိုင်စွမ်းမရှိပါဘူး။
အခု အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်တယ်။
ဒီပုံပြင်ကလေးဟာဆရာ နန္ဒာသိန်းဇံပြောပြခ့ဖဲူးတဲ့ ပုံပြင်ကလေးတစ်ခုကို အခြေခံထားတာပါ။

သူဌေးကြီးနဲ့သားသုံးယောက်
တစ်ခါတုန်းက မြို့ တစ်မြို့ မှာ အန်မတန်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိခဲ့ဖူးတယ်။
အဲဒီသူဌေးကြီးဟာ ငယ်စဉ်ကတော့ အလွန်ဆင်းရဲသတ့။ဲ နှစ်ပေါင်း ၄၀ကျော် လုံ့လ၀ီရိယနဲ့ ကြိုးစား အားထုတ်
ခဲ့တာမို့လို့ အခုလို အသက် ၆၅ နှစ်ကျော်အရွယ်မှာ ဘဏ္ဍာတိုက်ကြီး ၃ ခုန့အဲ ပြည့် ရွှေဒင်္ဂါးပေါင်း ၈၄ ကုဋေ
တောင်ရှိ သတ့။ဲ
သူဌေးကြီးမှာ သား ၃ ယောက်ရှိပြီး ငယ်စဉ်ကတည်းက တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ
မှာ အပ်နှံထားခ့တဲ ယ်။ အခုဆိုရင် သား ၃ ယောက်စလုံး အတတ်ပညာတွေ သင်ယူပြီးလို့ အိမ်တော်မှာပြန်
ရောက်နေကြပြီ။ ဒါပေမယ့် သူဌေးကြီးက သား ၃ ယောက်စလုံးကို လုပ်ငန်းခွင် အ၀င်မခိုင်းသေးသလို
ငွေကြေး ဥစ္စာခွဲဝေပေးတာလည်း မရှိသေးဘူးတ့။ဲ
တစ်နေ့တော့ သူဌေးကတော်ကြီးက “သူဌေးကြီး ရှင်ဟာငယ်စဉ်တုန်းကတော့ ကြီးလာရင်ငါ့သားတွေ
အတွက်ဆိုပြီး ကြိုးစားခ့တဲ ယ်၊ အခုသားတွေကြီးလာတော့ ရှင့်ရဲ့ ရည်ရွယ်ချက်တွေ ပြောင်းကုန်ပြီလား၊
သားတွေ အတွက် တစ်ခုခုစီစဉ်ပေးပါ” လို့ပြောတဲ့အခါ သူဌေးကြီးက “အေး သူဌေးကတော်ကြီး
ပြောမယ်ဆိုလည်း ပြောစရာပေါ့ ၊ ဒါပေမယ့် သားတော်မောင်တွေက အဖေကြီးလို ပင်ပင်ပန်းပန်းကြိုးစား
ရုန်းကန်ကြရတ့သဲူတွေ မဟုတ်တော့ ဒီငွေကြေးတွေရဲ့ တန်ဖိုးကို သိမှသိပါ့မလားလို့ စဉ်းစားတွေးတော
နေမိလို့ပါ ၊ မပူပါနဲ့ သားတော် တွေ အတွက် တစ်ခုခုစီစဉ်မှာပါ” လို့ပြန်ပြောပါတယ်။
သူဌေးကြီးဟာ တစ်ချိန်မှာ သား ၃ ယောက်စလုံးကို ရှေ့ တော်မှောက်ခေါ်ယူပြီး တစ်ယောက်ကို
ရွှေဒင်္ဂါးနှစ်ရာစီပေးသတ့။ဲ ပြီးတော့ “အေး ဒီမှာ သားတို့အတွက် ရွှေဒင်္ဂါးနှစ်ရာစီလာယူကြ ဒီရွှေဒင်္ဂါးတွေကို
မင်းတို့ဥာဏ်ရှိသလို သုံးဆောင်ကြ” လို့လဲ မှာကြားလိုက်သေးတယ်။
ညီအကို ၃ ယောက်စလုံး ရွှေဒင်္ဂါး ၂၀၀ စီယူလာကြကာ အစ်ကိုအကြီးဆုံးက “ဟေ့ကောင်တွေ
တို့အဖေဟာ သူဌေးကြီးလုပ်နေပြီး တကယ် ကပ်စေးနှဲတာပဲကွာ အခုမှပဲ သူဌေးသားပီပီ ကောင်းကောင်း
သုံးရတော့မယ်၊ ငါတော့ သောက်သောက် စားစား လူ့ မင်းသား လုပ်လိုက်ဦးမယ်ကွာ” ဆိုပြီး ပျော်ပွဲရွှင်ပွဲ
တွေမှာ စားသောက်သုံးဖြုန်းပစ်လိုက်တာ မကြာခင်မှာပဲ ရွှေဒင်္ဂါးအပြားနှစ်ရာ ကုန်သွားသတ့။ဲ
အစ်ကိုလတ်ကတော့ “တို့အဖေဟာ အစ်ကိုကြီးပြောသလို ကပ်စေးနှတဲာ မဟုတ်ဘူး၊ ခြိုးခြံချွေတာ
တာပဲ ဒီတော့ အဖေပေးထားတဲ့ ဒီရွှေဒင်္ဂါးတွေကို အရမ်း သုံးဖြုန်းပစ်ဖို့ မတော်ဘူး ၊ တစ်ချိန်မှာ
အဖေကြီးမေးရင် ပြနိုင်အောင် လုံခြုံတ့ေဲ နရာမှာ သိမ်းထားမယ်” ဆိုပြီး လုံခြုံရာအရပ်မှာ မြှုပ်ထားလိုက်သတ့။ဲ
ညီအငယ်ဆုံးကတော့ “အစ်ကိုကြီးသွားတ့လဲ မ်းက မကောင်းသလို အစ်ကိုလတ်လုပ်ပုံကလည်း
မဟုတ်သေးပါဘူး၊ ငါကတော့ သူတို့နှစ်ယောက် သွားတ့လဲ မ်းကိုမလိုက်ပဲ အဖေ့ရဲ့ လမ်းစဉ်ကိုပဲလိုက်မယ်၊
အဖေဟာ အစ်ကို ကြီးပြောသလို ကပ်စေးနှဲတာမဟုတ်သလို အစ်ကိုလတ်ပြောသလို ခြိုးခြံချွေတာ တာလဲ
မဟုတ်ပါဘူး။ စည်းကမ်းနဲ့ သုံးစွဲတာပါ တိုးပွားအောင်လုပ်တာပါ” ဆိုပြီး စီးပွားရေးမှာ ရင်းနှီးမြုပ်နှံပါတယ်။
စည်းကမ်းထားပြီးသုံးစွဲသလို တိုးပွားအောင် လဲကြိုးစားတ့အဲ ခါ ရွှေဒင်္ဂါးနှစ်ရာကနေ နှစ်ထောင်၊ နှစ်ထောင်
ကနေ နှစ်သောင်း အထိ ရလာသတ့။ဲ
ဒါန့တဲ စ်နေ့မှာ သူဌေးကြီးက သား ၃ ယောက်ကိုခေါ်ပြီး “ရွှေဒင်္ဂါးနှစ်ရာ ကိုဘယ်လိုသုံးစွဲကြသလ”ဲ
လို့မေးမြန်းပါတယ်။ သားအကြီးဆုံးက သူ ကောင်းကောင်းစား ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်း
သုံးကြောင်း ဖြေကြားပါတယ်။ အဲဒီအခါ သူဌေးကြီးက အခုမင်းလက်ထဲမှ ရွှေင်္ဒါးဘယ်လောက်ကျန်သေး
သလဲလို့ ထပ်ပြီးမေးပါတယ်။ သားကြီးက “ကုန်သွားပြီ မကျန်တော့ဘူး” လို့ ဖြေတ့အဲ ခါသူဌေးကြီးက
“မင်းဟာက တစ်လမ်းသွားပဲလို့ ပြောပြီး ပြုံးနေပါတယ်။
သားလတ်ကတော့ ကျွန်တော်ကတော့ ဘာမျှ သုံးမပစ်ပဲ ကျစ်ကျစ်လစ်လစ် စုထားပါတယ်” လို့ဖြေပြီး
ရွှေဒင်္ဂါးနှစ်ရာကို ၀မ်းသာအယ်လဲထုတ်ပြပါတယ်၊ အဲဒီအခါမှာ သူဌေးကြီးက “မင်းဟာကလဲ တစ်လမ်းသွားပဲ”
လို့ပြောပြီး ပြုံးနေပါ တယ်။
သားငယ်ကတော့ “အဖေ ကျွန်တော်ကတော့ စည်းနဲ့ကမ်းနဲ့ သုံးလည်း သုံးပါတယ်၊
တိုးလည်းတိုးပွားအောင်လုပ်ပါတယ် အခုကျွန်တော့လက်ထဲမှာ ရွှေဒင်္ဂါး နှစ်သောင်းရှိပါတယ်” လို့ဖြေတ့အဲ ခါ
သူဌေးကြီးက “အေး မင်းဟာကမှ နှစ်လမ်းသွားကွ ၊ စီးပွားရေးဆိုတာ တစ်လမ်းသွားနည်းနဲ့ ဘယ်တော့မှ
မအောင် မြင်နိုင်ဘူး” လို့ ဂုဏ်ပြုပြောဆိုကာ သားကြီးနဲ့ သားလတ်တို့ကိုလည်း သားငယ်ရဲ့ လမ်းစဉ်အတိုင်း
စည်းကမ်းရှိရှိ တိုးပွားအောင် ကြိုးစားကြဖို့ ဆုံးမပြီး သားကြီးကို ရွှေဒင်္ဂါး နှစ်ကုဋေ ၊ သားလတ်ကို ရွှေဒင်္ဂါး
နှစ်ကုဋေ၊ သားငယ်ကိုတော့ ဘဏ္ဍာတိုက်ကြီး ၃ ခုနဲ့အတူ ရွှေဒင်္ဂါး ကုဋေရှစ်ဆယ်ကို အမွေအဖြစ်
လွှဲအပ်ပေးလိုက် ပါသတ့။ဲ
သူဌေးကြီးဟာ အမွေအားလုံးခွဲဝေပေးပြီးမကြာခင်မှာပဲ ရဟန်းဝတ်ကာ တောထွက်သွားပါတော့တယ်။
ဒီပုံပြင်ကလေးဟာ သင်္ကေတတွေသုံးထားတဲ့ နိမိတ်ပြပုံပြင်တစ်ခု ဖြစ်ပါ တယ်။ ပုံပြင်ထဲမှာပါတဲ့ သား
၃ ဦးဟာ ပုထုဇဉ် လောကီလူသားအားလုံးကို ရည်ညွှန်းထားတာ ဖြစ်သလို ရွှေဒင်္ဂါးနှစ်ရာ ဆိုတာဟာ ရုပ်နာမ်
(၂) ပါးကို ကိုယ်စားပြုဖေါ်ညွှန်းထားတာ ဖြစ်ပါတယ်။ ပုံပြင်ထဲက သား ၃ ဦးဟာ ဖခင်သူဌေးကြီး ထံက
ရွှေဒင်္ဂါးနှစ်ရာ ရရှိခဲ့သလို ပုထုဇဉ်လူသားတွေဟာလည်း ကံတရား ဖခင်ကြီး ထံက ရုပ်နာမ် (၂)ပါးဆိုတဲ့
ရွှေဒင်္ဂါးတွေ ညီတူညီမျှ ရရှိခြဲ့ကတာပါ။
ဒါပေမယ့် ပုံပြင်ထဲက ညီအစ်ကို ၃ ယောက်လိုပဲ ပုထုဇဉ်လူသားတွေဟာ လည်း ရုပ်နာမ်နှစ်ပါး
(ခန္ဓာငါးပါး) ရထားတာချင်း အတူတူ သုံးစွဲပုံချင်း မတူညီတာ ကြောင့် အကျိုးကျေးဇူး ခံစားရပုံချင်းလည်း
လွန်စွာမှ ကွဲပြားခြားနားကြပါတယ်။ ပုထုဇဉ်လူသားတချို့ ဟာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ အစွမ်းကုန်
လိုက်စား ပျော်ပါးရင်း အစွန်းဘက်ကို ရောက်သွားတတ်ကြပါတယ်။ အဲဒါကို ပိဋကတ်စာပေမှာ
“ကာမသုခလ္လိကာနုယောဂ” အကျင့်လို့ခေါ်ပါတယ်၊ ဒီလိုလက်ယာစွန်းရောက် တ့သဲူတွေဟာ လောဘ၊
အတ္တကြီးမားပြီး ယုတ်ညံ့တတ်ပါတယ်။ မိမိရဲ့  လူ့စွမ်း အား အရင်းအမြစ်အားလုံးကို ရာဂမီးပုံထဲ
လောင်းထည့်ပြီး ကာမနတ်ကို ယဇ်ပူဇော်ရတာမျိုး ဖြစ်လို့ အရင်းရော အမြတ်ပါ အကုန်ရှုံးတဲ့ သုညလုံးလုံး
ဖြစ်တတ် ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက အစ်ကိုအကြီးဆုံးနဲ့ ဥပမာတူပါတယ်။
တစ်ချို့ ပုထုဇဉ်တွေကတော့ ကာမဂုဏ်အာရုံ လမ်းမကြီးပေါ်မှာ အစွမ်းကုန် ချုပ်ထိန်းရေး အစွန်းဘက်
ရောက်သွားတတ်ပါတယ်။ ဒါကိုတော့ ပိဋကတ်စာပေမှာ “အတ္တကိလမထာနုယောဂ” အကျင့်လို့ခေါ်ပါတယ်။
ဒီလိုလက်ဝဲ စွန်းရောက်သူတွေဟာ မာနကြီးပြီး အမြင်ကျဉ်းမြောင်းပါတယ်။ လူ့အရင်းအမြစ် တွေ
ဆုတ်ယုတ်ပျက်စီးကာ တိုးတက်ကြီးပွားမှုတွေ ရပ်တန့်သွားတတ်ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက
အစ်ကိုလတ်နဲ့ ဥပမာတူပါတယ်။
ကလျာဏ ပုထုဇဉ်တွေဟာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ အစွမ်းကုန် လိုက်စားရေးနဲ့ အစွမ်းကုန်
ထိန်းချုပ်ရေးဆိုတဲ့ အစွန်းနှစ်ဘက်ကို လုံးဝမရောက်ရှိ စေပဲ သင့်တင့်လျောက်ပတ်စွာ ခံစားခြင်းဆိုတဲ့
အလယ်အလတ် လမ်းစဉ် “မဇ္ဇျိမပဋိပဒါ” အကျင့်ပေါ်မှာ ခိုင်မြဲစွာရပ်တည်ပြီး ၊ ရုပ်နာမ် နှစ်ပါး (ကိုယ်စိတ်
စွမ်းအားတေ)ွ ကို ကုယိ့်ကျင့်တရား၊ စိတ်ဓာတ်တည်ကြည်မှုနဲ့ ဥာဏ်အမြော် အမြင်ရှိမှုတွေမှာ ရင်းနှီးမြုပ်နှံပြီး
စနစ်တကျ အသုံးချတတ်တာမို့ အရင်းရော အမြတ်ပါ တိုးပွားကာ ကြီးပွားချမ်းသာကြရပါတယ်။
ဒီလူတွေကတော့ ပုံပြင်ထဲ က ညီအငယ်ဆုံးနဲ့ ဥပမာတူပါတယ်။
လူတိုင်းသာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ “မဇ္ဇျိမပဋိပဒါ” လို့ ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်နဲ့
လျှောက်သွားနိုင်ကြရင် ပုံပြင်ထဲက ညီအငယ်ဆုံးလို ပဲ နောက်ဆုံးမှာ မဂ်လေးပါး ၊ ဖိုလ်လေးပါး - ရှစ်ပါးသော
လောကုတ္တရာ တရား တွေနဲ့ တကွ ၊ နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ ဘဏ္ဍာတိုက်ကြီးကိုပါ ဗုဒ္ဓမြတ်စွာရဲ့ လောကုတ္တရာ
အမွေအနှစ်အဖြစ် ရရှိပိုင်ဆိုင်ကာ မုချချမ်းသာကြွယ်ဝလာနိုင် ကြမှာပါ။
တကယ်တော့ ဗုဒ္ဓမြတ်စွာသာသနာ ဆိုတာ လူသားတိုင်းအစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး
အလယ်အလတ် လမ်းက လျှောက်သွားတတ်ဖို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ။
တော်ဝင်နွယ်
( အပ္ပမာဒ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၁၂) မှ ကောက်နှုတ် တင်ပြအပ်ပါသည်)

No comments: