လွန်ခဲ့သော ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဘဝတစ်ပါး ပြောင်းသွားသည့် ကိုအေးမင်းထွန်း (အသက်-၂၈နှစ်) ၏ ကျန်ရစ်သောရုပ်ကလာပ်ကို ၊ လာမည့် မတ်လ ၇ ရက်နေ့ (တနင်္ဂနွေနေ့) တွင် မီးသဂြိုဟ်ကြမည်ဖြစ်ကြောင်း သိရသည် ။
ကျန်ရစ်သော မိဘဆွေမျိုးများ၏ ခွင့်ပြုချက်အရ မြန်မာအသင်း(ကိုရီးယား)အမှုဆောင်များနှင့် ကွယ်လွန်သူ ကိုအေးမင်းထွန်း၏ မိတ်သင်္ဂဟများက မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ သင်္ကန်း ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း ၊ ဧည့်ပရိသတ်များကို အာဟာရဒါနဖြင့် ဧည့်ခံကြွေးမွေးခြင်း တရားတော်နာယူခြင်း အမျှအတန်းပေးဝေခြင်း စသည်တို့ကို နံနက် ၇ နာရီမှ ၁၂ နာရီထိ ဘူချောန်းမြို့ ဆော့ဂွါန်ဆာဘုန်းတော်ကြီးကျောင်း(Seokwang Sa) တွင် ပြုလုပ်ကြမည်ဟု ဆိုသည် ။
နေ့လည် ၁၂ နာရီခွဲတွင် ကိုအေးမင်းထွန်း၏ ရုပ်ကလာပ်အား ယာယီထားရှိရာ ဆော့ဂွါန်ဆာ အအေးတိုက်မှ ၊ ဖာဂျုအနီး ဗျောက်ဂျဲသုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း ၊ ဈာပနလိုက်ပါပို့ဆောင်မည့်သူများ နေ့လည် ၁၂ နာရီခွဲမတိုင်မှီ ဆော့ဂွါန်ဆာသို့ အရောက်လာကြဖို့လိုမည်ဖြစ်ကြောင်း ၊ အသေးစိတ် အစီအစဉ် သိလိုသူများ လက်ကိုင်ဖုန်း 011-9386-7153နှင့် 010-8483-4770 တို့ထံ ဆက်သွယ် မေးမြန်းနိုင် သည်ဟု ဆိုသည် ။
Thursday, March 4, 2010
ကိုအေးမင်းထွန်း(၂၈နှစ်)၏ ဈာပန တနင်္ဂနွေနေ့ ကျင်းပမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment