Monday, March 22, 2010

ခွေးမြီးကောက် အဘိဓာန် (၁)


အရပ်ဆယ်မျက်နှာမှ ပွင့်အန်ထွက်လာတဲ့ ထွေထွေရာရာ စုံစီနဖာ စကားဝါစာတွေကို ခေတ်လူ နှောင်းလူတို့ ၀ိဝါဒမပွား အချင်းမများရလေအောင် အနက် အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ ကိုကြီးပေါ်ရဲ့ “ခွေးမြီးကောက် အဘိဓာန်” ဖြစ်ပါတယ်။ စာဖတ်သူ သောတုဇန ဝေနေယျ အပေါင်းတို့ လေ့လာမှတ်သားတော် မူကြပါလေကုန်…


(၁) ၂၀၁၀ မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှာလား။ (ပြည်တွင်းပြည်ပ မီဒီယာများရဲ့ ဖေးဖရိတ် မေးခွန်း)
*** အဖြေ ဖွင့်ဆိုချက် = ပြောင်းတော့ပြောင်းမယ်၊ မလဲဘူး။

(၂) စစ်တပ်က စနစ်တကျ ဆုတ်နေတာပါ။ (ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)
*** အဖြေ ဖွင့်ဆိုချက် = ဟုတ်ပါတယ်။ အာဏာကို စနစ်တကျ ဆုပ်နေတာပါ။

(၃) ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမယ်လို့ ယုံကြည်ပါတယ်။ (ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)
*** အဖြေ ဖွင့်ဆိုချက် = စစ်ဦးစီးချုပ်က စစ်တပ်အမတ်များလက်သို့ အာဏာလွှဲပါမည်။

(၄) ရွေးကောက်ပွဲမှတပါး အခြားမရှိ။ (မောင်စူးစမ်း၊ နိုင်ငံရေးသမားဟောင်း)
*** အဖြေ ဖွင့်ဆိုချက် = အခြားမှတပါး ရွေးကောက်ပွဲမရှိ။ ကမ္ဘာပေါ်ရှိ အခြားဘယ်နိုင်ငံမှာမှ ဒီလို ရွေးကောက်ပွဲမျိုး မရှိ။

(၅) အင်အယ်ဒီ ရွေးကောက်ပွဲ ၀င်မှာလား။ (မီဒီယာများရဲ့ အငမ်းမရ မေးခွန်း)
*** အဖြေ ဖွင့်ဆိုချက် = ဒီလမ်းမှ မ“ရွေး”ရင် ဗိုလ်ချုပ်ကြီးတွေ စိတ်တော်“ကောက်”မှာပေါ့။
သို့မဟုတ် ဒီလမ်းကို “ရွေး”ရင် နိုင်ငံရေးမှာ နောက်“ကောက်”ကျမယ်။



No comments: