ဂွါန်မြောင်းမြို့ ယဉ်ကျေးမှု မီးထွန်းပွဲတော် (광명등문화축제) ကို ယမန်နေ့ (၂၀၁၀ ပြည့် မေ ၁၅ ) နေ့လည် ၁ နာရီမှ ည ၁၁ နာရီ ၄၀ ထိ ဂယောင်းဂီပြည်နယ် ၊ ဂွါန်မြောင်းမိုးလုံလေလုံကစားကွင်း (광명실내체육관) ၌ကျင်းပခဲ့ရာ ၊ ဓမ္မဒူတ ဗုဒ္ဓဘာသာ အသင်း (ကိုရီးယား) မြန်မာဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ ဓါတ်ပုံပြခန်းအစီအစဉ်ကို ပါဝင်ပြသခဲ့ကြောင်းသိရသည် ။
မှတ်တမ်းပုံများမှာ -
လာမည့် ၂၀၁၀ မေလ ၂၁ ရက် နိုင်ငံတော်ရုံးပိတ်ရက် (အနီရက်) တွင်လည်း ဗုဒ္ဓနေ့ပွဲတော်ကို ဂွါန်မြောင်းမြို့ရှိ ဂွမ်ဂန်ဂျောင်ဆာ (Geumgang Jeong Sa) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ၊ ၄င်း ပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များပါရှိပြီး ၊ ပွဲတော်စီစဉ် ကျင်းပသူများက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ပိုမို နက်ရှိုင်း ခိုင်မြဲ တိုးတက်မှု ရရှိစေရန် နှင့် မြန်မာ့ယဉ်ကျေးမှုကို ကိုရီးယားတို့ ပိုမို သိရှိ နားလည် ခံစားတတ်စေရန် ရည်ရွယ်ချက်များဖြင့် မြန်မာ ဆိုတီးက အစဉ်အစဉ်ကို ထည့်သွင်းထားကြောင်း ၊ အဆိုပါ အစီအစဉ်တွင် ကိုရီးယားနိုင်ငံရောက် အဆိုအတီးအက ဝါသနာရှင် မြန်မာညီအစ်ကို မောင်နှမများက မြန်မာတူရိယာ အဆိုအတီးများဖြင့် ပါဝင် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည် ။
Sunday, May 16, 2010
ဂွါန်မြောင်းမြို့ ယဉ်ကျေးမှု မီးထွန်းပွဲတော် (광명등문화축제) ပြီးစီး
Labels:
ကိုရီးယားယဉ်ကျေးမှု,
ဘာသာရေး,
မှတ်တမ်းဓါတ်ပုံ,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment