ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ အစီအစဉ်ဖြင့် ကိုရီးယား စကားပြောသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကိုရီးယား စကားအပြောစွမ်းရည် (Speaking Comprehension) နှင့် နားထောင်၍နားလည်နိုင်စွမ်းရည် (Listening Comprehension)တို့ တိုးတက်မှုရရှိစေရန် အဓိကထား လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း ၊ သင်တန်းတွင် အရေးနှင့် အဖတ်ကို သင်ကြားလေ့ကျင့်ပေးမည်မဟုတ်ဘဲ ၊ မြန်မာအလုပ်သမားများ အလုပ်ခွင်တွင် အသုံးတည့်မည့် လုပ်ငန်းခွင်သုံး ကိုရီးယား စကားပြော တိုးတက်မှု ရရှိစေရန် ရည်ရွယ်ချက်ထားရှိကြောင်းသိရသည် ။
သင်တန်းတွင် အလုပ်ဝင် အင်တာဗျူးခြင်း ၊ စက်ရုံအတွင်း တစ်နေ့တာအတွေ့အကြုံ ၊ လုပ်ငန်းခွင်သုံးပစ္စည်းများအကြောင်း ၊ ကိုရီးယားနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများအကြောင်း ၊ ကိုရီးယား အလုပ်သမားဥပဒေ အကြောင်း သိကောင်းစရာ ၊ အာမခံအကြောင်း သိကောင်းစရာများ ၊ ကိုရီးယားအီးပီစနစ်၏ အကြောင်း သိကောင်းစရာများ ၊ လုပ်သက်ဆုကြေးမပေးလျင် ၊ အလုပ်သမားတို့၏ အခြေခံရပိုင်ခွင့်များ ၊ အလုပ်ရှင် အလုပ်သမား အမှုအခင်း ဆိုသည်မှာ စသည့် စသည့်ခေါင်းစဉ်များဖြင့် ကျဖမ်းစကားဝိုင်း ( 방담회) ပုံစံ ပြောဆိုလေ့ကျင့်သွားကြမည်ဖြစ်ကြောင်း ၊ စကားဝိုင်းကို ကိုရီးယား အနေကြာ မြန်မာများက ဦးဆောင် ဆွေးနွေးမည်ဖြစ်ပြီး မြန်မာစကားပြောကျွမ်းကျင်သည့် ကိုရီးယား ဆရာ ဆရာမများက ဘေးမှ ထိန်းကျောင်း ကြပ်မပ်ကာ အားနည်းချက်များကို ထောက်ပြ ပြုပြင်ပေးသည့်ပုံစံဖြင့် လေ့ကျင့် သင်ကြားသွားကြမည်ဖြစ်ကြောင်း ၊ ကိုရီးယားစာ အရေး / အဖတ် အသင့်အတင့် တတ်မြောက်ထားကြပြီး အကြောင်း အမျိုးမျိုးကြောင့် အပြောနှင့် နားထောင်စွမ်းရည် အားနည်း ကျန်ရစ်နေသူများအတွက် အထူးသင့်တော်သည့် အစီအစဉ်ဖြစ်မည်ဟု ယူဆကြောင်း ကြိုတင် ခန့်မှန်း သုံးသပ်ပြောဆိုနေမှုများ ရှိနေကြသည် ။
စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဆက်သွယ်ကြရန်ဖြစ်ပြီး ၊ သင်တန်းကို ဇွန်လ (၆) ရက်နေ့မှ စတင်ကာ အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် -
နေရာ ။ ဓမ္မဒူတ (ကိုရီးယား) ၊ သိမ်တော်ခမ်းမ
အချိန် ။ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁နာရီမှ ၃နာရီ
Friday, May 28, 2010
အရေးအဖတ်မပါသည့် ကိုရီးယားစကားပြော လေ့ကျင့်မှုသင်တန်းဖွင့်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment