Friday, May 28, 2010

၅ ကြိမ်မြောက် အာရှမိတ်ဆွေပွဲတော် လိုက်ပါမည့်မိတ်ဆွေများသို့…………..

၅ ကြိမ်မြောက် အာရှမိတ်ဆွေ (아사아는 친구) ပွဲတော် ပါဝင်ဆင်နွဲရန် စာရင်းပေးထားကြသည့် မြန်မာညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ ။
ပွဲတော်နေ့ ကြို/ပို့ကား အစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -

- ဘူချောန်း(Bucheon) မှ လိုက်ပါမည့်သူများအတွက် ၊ စုရပ်မှာ ဆောက်ဝမ်ဆာ ဘုန်းကြီးကျောင်း ဖြစ်ပြီး 011-9386-7153 ထံ ဆက်သွယ်ကြရန်နှင့် ကားထွက်ချိန်မှာ နံနက် ၉ နာရီ ၃၀ မိနစ် ။
- ဘူဖြောင်း(Bupyeong) မှ လိုက်ပါမည့်သူများအတွက် ၊ စုရပ်မှာ ဘူဖြောင်းဘူတာရှေ့ဖြစ်ပြီး 010-2331-2457 ထံ ဆက်သွယ်ကြရန်နှင့် ကားထွက်ချိန်မှာ နံနက် ၉ နာရီ ၃၀ မိနစ် ။

ပွဲတော်ပါဝင်ဆင်နွှဲကြမည့် မြန်မာညီအစ်ကိုမောင်နှတို့သည် ၊ ပွဲတော်ကျင်းပရေးကော်မတီက ရည်ရွယ်ထားသည့်အတိုင်း မိတ်ဆွေတို့၏ လူမှုရေးမိုးကုတ်စက်ဝိုင်းကို မြင့်သထက်မြင့်အောင် တိုးချဲ့နိုင်ကြပါစေကြောင်းနှင့် ၊ မိတ်ဆွေတို့ ဘဝတစ်သက်တာအတွက် လိုအပ်မည့် ယဉ်ကျေးမှုအသိ ၊ မတူကွဲပြား ခြားနားသည့် လူမှုဘဝအသိများ နှင့် လူသားချင်းစာနာနားလည်မှုဟူသော လောကငြိမ်းချမ်းရေး အသိများ အပြည့်အဝ သည်ဆောင်လာနိုင်ကြပါစေကြောင်း ဟန်းဂုရွာက အလေးအနက် ဆန္ဒပြုလိုက်ပါသည် ။
ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။

No comments: