Wednesday, May 19, 2010

၅ ကြိမ်မြောက် အာရှမိတ်ဆွေပွဲတော် ကျင်းပမည်

အင်ချောန်းမြို့တော် ၊ ဂန်ဟွာမြို့နယ် (강화군) ရှိ ဂျောန်ဒွန့်ဆာ ဘုန်းတော်ကြီးကျောင်း (전등사) မှ ကြီးမှူးပြီး ၅ ကြိမ်မြောက် ဧည့်နိုင်ငံသားများ ယဉ်ကျေးမှုပွဲတော် (제5회 이주민 문화축제) ကို အာရှမိတ်ဆွေ (아사아는 친구) ခေါင်းစဉ်ဖြင့် ၂၀၁၀ ပြည့်နှစ် မေလ ၃၀ ရက် (တနင်္ဂနွေ) နေ့လည် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ထိ ၊ ဂျောန်ဒွန့်ဆာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။
ပွဲတော်သို့ မြန်မာညီအစ်ကိုများလည်း ခါတိုင်းနှစ်များကဲ့သို့ တစ်တပ်တစ်အား ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း ၊ ယာယီအားဖြင့် မြန်မာညီအစ်ကိုမောင်နှမများ ဘတ်စ်ကား ၂ စီးစာ ခန့်မှန်းထားကြောင်း ကားတစ်စီးမှာ ဘူချောန်း (မြန်မာအသင်း) မှ ထွက်ခွါမည်ဖြစ်ပြီး နောက် ကားတစ်စီးကို ဘူဖြောင်းဘူတာအနီးမှ ထွက်ခွါရန် စီစဉ်ထားကြောင်း ၊ အစီအစဉ်အစ အဆုံး အခမဲ့ ဖြစ်ကြောင်း ၊ လိုက်ပါမည့် သူများ တူညီဝတ်စုံ (လက်ဆောင်ပေးမည်) ဖြင့် ပါဝင်ဆင်နွဲနိုင်ကြရန် စီစဉ်ထားရာ လိုအပ်သည်များ ကြိုတင် ပြင်ဆင်နိုင်ရန် အလို့ငှာ ၊ စိတ်ပါဝင်စားသည့် မြန်မာ ညီအစ်ကို မောင်နှများ အောက်ပါ ပုဂ္ဂိုလ်များထံ ၂၀၁၀ ပြည့် မေလ ၂၂ ရက် (စနေ) နေ့ ညနေ ၆ နာရီ နောက်ဆုံးထား စာရင်းပေးကြစေလိုကြောင်း သက်ဆိုင်ရာက နှိုးဆော်ထားသည်-
- 011-9386-7153 (ဘူချောန်းမှ လိုက်ပါမည့်သူများ)
- 010-9419-4243 (ဘူဖြောင်း မှ လိုက်ပါမည့်သူများ)
- 010-2331-2457 (ဘူဖြောင်းမှ လိုက်ပါမည့်သူများ)
ပွဲတော်တွင် ၊ စက္ကူရုပ်များ ပြုလုပ်ခြင်း ၊ ကြယ်သီး ပြုလုပ်ခြင်း ၊ ဆီမီးခွက် ပြုလုပ်ခြင်း ၊ ကြာမီးအိမ်ပြုလုပ်ခြင်း ၊ နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း ၊ ကိုရီးယားရိုးရာ ဓလေ့နှင့် ယဉ်ကျေးမှုများ မိတ်ဆက် ၊ ဧည့်နိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံများအလိုက် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ခြင်း စသည်တို့ပါရှိမည်ဟု ဆိုသည် ။ အစီအစဉ်များတွင် ပါဝင်လိုသည့် မြန်မာ ဆို ကရေးတီး ဝါသနာရှင်များ ပညာရှင်များလည်း ဆက်သွယ်နိုင်ကြောင်း သိရသည် ။
ဂျောန်ဒွန့်ဆာသည် ကိုရီးယားရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ မှတ်တမ်းဝင် သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ၊ နိုင်ငံခြားသားများ သွားရောက် လေ့လာ သင့်သည့် မြန်မာနိုင်ငံ ပုဂံဒေသကဲ့သို့သော စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်သည်ဟု သမိုင်းလေ့လာသူများက ဆိုပါသည် ။

No comments: