“ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ သားစဉ်မြေးဆက် လူလိုသူလို အသိအမှတ်ပြုခံရဖို့ ၊ ကျွန်ုပ်တို့ ၂ နာရီခန့် ပူးပေါင်းပြီး အလုပ်လုပ်ကြပါစို့။”
၂၀၁၀ နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ လူထုစုဝေးပွဲ(ကိုရီးယား) (2010 세계 이주민의 날 한국대회) ကို အောက်ပါအစီအတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းသူများအားလုံး တို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာလ ၁၉ ရက် (တနင်္ဂနွေနေ့)
အချိန် ။ မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ ။
နေရာ ။ ဟဲဟွာ ဘူတာ (혜화역) အနီး ၊ မာရိုနီယယ် ပန်းခြံ (마로니에공원) ။
(အမှတ် ၄ လိုင်း ၊ ဘူတာ နံပါတ် ၄၂၀ )
အဓိက တောင်းဆိုကြမည့် အချက်များ -
- ရွှေ့ပြောင်းအလုပ်သမားများ အဆင့်အတန်းခွဲခြားမှု ဖျက်သိမ်းပေးရန် နှင့် အလုပ်ပြောင်းရွှေ့ခွင့် ကန့်သတ်ချက်များဖယ်ရှားပေးရန် ၊
- အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သမားများ အဓမ္မဖမ်းဆီးခြင်း ရပ်တန့်ရန်နှင့် ၊ လုံးဝ တရားဝင်အဖြစ်အသိအမှတ်ပြုရန် ၊
- ရွှေ့ပြောင်းသူများကို ရာဇဝတ်သားအဖြစ် သဘောထားခြင်းမှ ရပ်တန့်ရန် ၊
- ရွှေ့ပြောင်း အမျိုးသမီးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ၊
- ရွှေ့ပြောင်းသူတို့ ရင်သွေးငယ်များ ပညာသင်ယူခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်ခွင့် ကာကွယ်ပေးရန် ၊
- ရဖျူဂျီများ အသိအမှတ်ပြုသူ အရေအတွက် တိုးမြှင့်ပေးရန်နှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးရန် ၊
- ပြည်ပဖွား ကိုရီးယားနွယ်များဆိုင်ရာ ဥပဒေ ရာနှုန်းပြည့် အကောင်အထည်ဖော်ရန် နှင့် လွတ်လပ်စွာ ပြည်ဝင်ပြည်ထွက်ခွင့်ပြုရန် ၊
- ကုလသမဂ္ဂက အတည်ပြုထားသည့် ၊ အားလုံးသော ရွှေ့ပြောင်း အလုပ်သမားများ နှင့် မိသားစုဝင်များ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို အသိအမှတ်ပြုရန် ၊
အခမ်းအနား အစီအစဉ် -
- အခမ်းအနားဖွင့်လှစ်ခြင်း ၊
- အမှာစကားပြောကြားခြင်း ၊ (ကိုရီးယားအလုပ်သမားအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့အလုပ်သမားပါတီနှင့် တိုးတက်သောပါတီသစ်တို့မှ လွတ်တော်အမှတ်များ ၊)
- ရွှေ့ပြောင်းသူများ ပါဖောမ်းမင့် နှင့် ဖျော်ဖြေရေးအစီအစဉ်များ ၊
- နိုင်ငံတကာမှ ပေးပို့လာသော သဝင်္ဏလွှာများ ဖတ်ကြားခြင်း ၊
- ကြေညာချက်များနှင့် ကိုရီးယားအစိုးရထံ တောင်းဆိုချက်များ ဖတ်ကြားခြင်း ၊
- အခမ်းအနားပြီးဆုံးခြင်း ၊
မှတ်ချက် ။ ကြိုပို့ယာဉ်ဖြင့် လိုက်ပါလိုသူများ ဘူချောန်းဘူတာနှင့် ဘူဖြောင်းဘူတာတို့မှ ထွက်ခွါမည်ဖြစ်ပါသဖြင့် 010-2331-2457 ထံ ၁၆-၁၂-၂၀၁၀ နေ့ နံနက် ၉ နာရီ မတိုင်မှီ စာရင်းပေးသွင်းတော်မူကြပါရန် ။
“ ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ နားချိန် အားချိန်မရှိ အလုပ်လုပ်ကြဖို့ ဖြစ်ပါသလား ……….”
• ခွဲခြားဆက်ဆံခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း ကင်းသော လောကသစ်ဆီသို့ ……….
• 차별과 착취를 넘어 새로운 세상으로!
၂၀၁၀ နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ လူထုစုဝေးပွဲ (ကိုရီးယား) ကျင်းပရေးကော်မတီ
Monday, December 13, 2010
၂၀၁၀ နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ လူထုစုဝေးပွဲ(ကိုရီးယား) ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment