“ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ သားစဉ်မြေးဆက် လူလိုသူလို အသိအမှတ်ပြုခံရဖို့ ၊ ကျွန်ုပ်တို့ ၂ နာရီခန့် ပူးပေါင်းပြီး အလုပ်လုပ်ကြပါစို့။”
၂၀၁၀ နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ လူထုစုဝေးပွဲ(ကိုရီးယား) (2010 세계 이주민의 날 한국대회) များကို ကိုးရီးယားနိုင်ငံနှင့် အဝှမ်း ဒေသဆိုင်ရာ အစီအစဉ်များအလိုက် ကျင်းပကြမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် နေရာ ၊ အချိန်နှင့် အစီအစဉ်များမှာ အောက်ပါအစီအတိုင်း ဖြစ်ကြောင်း သိရသည် -
ဆောအူးလ်(ဆိုလ်)မြို့တော်(서울)တွင်
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာလ ၁၉ ရက် (တနင်္ဂနွေနေ့)
အချိန် ။ မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ ။
နေရာ ။ ဟဲဟွာ ဘူတာ (혜화역) အနီး ၊ မာရိုနီယယ် ပန်းခြံ (마로니에공원) ။
(အမှတ် ၄ လိုင်း ၊ ဘူတာ နံပါတ် ၄၂၀ )
ဒေဂူး ၊ ကယောင်းဘု(ခ်) ဒေသ (대구/경북) တွင်
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာလ ၁၉ ရက် (တနင်္ဂနွေနေ့)
အချိန် ။ မွန်းလွဲ ၃ နာရီမှ အစပြု၍………….
နေရာ ။ ၂-၂၈ ပန်းခြံ (2.28 공원) ။
ဘူဆန် ၊ ကယောင်းနမ်ဒေသ(부산/경남)တွင်
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာလ ၁၉ ရက် (တနင်္ဂနွေနေ့)
အချိန် ။ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ အစပြု၍ ………
နေရာ ။ ဆောမျောန်းဂျူးဒီ(စ်)ထယ်ဟွာ ရှေ့ (서면쥬디스태화 앞) ။
ကိုရီးယားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအနေဖြင့် ၊ မိမိတို့ နီးစပ် အဆင်ပြေရာ အခမ်းအနားသို့ ပါဝင်တက်ရောက် အင်အားပြသပြီး ၊ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်း ထားသည့် အားလုံးသော ရွှေ့ပြောင်း အလုပ်သမားများ နှင့် မိသားစုဝင်များ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (International Convention on the Protection of the Rights of All Migrant Workers and Members of Their Families) ကို ကိုရီးယားအစိုးရက အသိအမှတ်ပြုလက်မှတ်ထိုးရန် တစ်ခဲနက် တောင်းဆိုကြဖို့ သက်ဆိုင်ရာက လေးနက်စွာ နှိုးဆော် တိုက်တွန်းထားသည် ။
ထို့ပြင် ၊ ဆောအူးလ်မြို့တော်တွင် ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်မည့် ညီအစ်ကိုမောင်နှများအတွက် ဘူချောန်းဘူတာ နှင့် ဘူဖြောင်းဘူတာတို့မှ ကြိုပို့ကား စီစဉ်ထားသော်လည်း ၊ အကြောင်းမညီညွှတ်သဖြင့် အဆိုပါ ကြိုပို့ကား အစီအစဉ်ကို ဖျက်သိမ်းထားကြောင်းလည်း သိရသည် ။
Thursday, December 16, 2010
၂၀၁၀ နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ လူထုစုဝေးပွဲများ ကိုရီးယားနိုင်ငံနှင့်အဝှမ်း ကျင်းပမည့် သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment