ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ စိတ်လက် အပမ်းပြေမှုရရှိစေရန် ၊ ဒေသန္တရ ဗဟုသုတ ရရှိစေရန် နှင့် ခရီးဖော် မြန်မာ မောင်နှမ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိကြစေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား)က ကြီးမှူးပြီး ၊ ၂၀၁၁ နှစ်သစ် ဆောင်းရာသီ အပမ်းဖြေခရီးကို အောက်ပါ အတိုင်း စီစဉ် ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -
၂၀၁၁ နှစ်သစ် ဆောင်းရာသီ အပမ်းဖြေခရီးစဉ်
- ရက်စွဲ ။ ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ (စနေနေ့)
- အချိန် ။ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) မှ ကားများ စတင်ထွက်ခွါပြီး ၊ ည ၈ နာရီခန့်တွင် ပြန်လည်ရောက်ရှိမည် ။
- သွားရောက်မည့် နေရာ ။ ဒေးမြောင်း ဗီဗယ်လ်ဒီ စကီကွင်း (Daemyung Vivaldi Park Ski World)
- ခရီးစရိတ် ။ ၁ ဦး လျင် ဝမ် ၂၀,၀၀၀ (နှစ်သောင်းတိတိ)။
လိုက်ပါလိုသူများ 010-4626-7571, နှင့် 010-2331-2457 တို့ထံ ဒီဇင်္ဘာလ ၃၀ရက် (ကြာသပတေးနေ့) ညနေ ၅ နာရီ နောက်ဆုံးထားပြီး စာရင်း ပေးသွင်းနိုင်ကြ ပါသည် ။
လူဦးရေ ကန့်သတ်မထားပါ ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား)
၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာလ ၂၂ ရက်
Thursday, December 23, 2010
ဓမ္မဒူတ(ကိုရီးယား) ၂၀၁၁ နှစ်သစ် ဆောင်းရာသီ အပမ်းဖြေခရီး ထွက်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment