လာမည့် ဒီဇင်္ဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် ဂွါန်ဂျူးမြို့တော် (광주광역시) ၌ ၊ တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီသူရဲကောင်းတို့၏ မိခင်များနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှများတွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ အစီအစဉ်တွင် ပါဝင် လိုက်ပါလိုသည့် ညီအစ်ကိုမောင်နှများတို့သည် ၊ ၂၀၁၀ပြည့်နှစ် ဒီဇင်္ဘာလ ၂၅ ရက် (စနေနေ့) ညနေ ၄ နာရီ နောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးကြရန် သက်ဆိုင်ရာက နှိုးဆော်ထားပါသည် ။
အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ဆိုသည် -
- ဒီဇင်္ဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) နံနက် ၈ နာရီ ၊ ဘူချောန်းဘူတာတောင်ဖက်(부천남부역)မှ ဘတ်စကားများ စတင်ထွက်ခွါပြီး ၊ ညနေ ၇ နာရီခန့် ပြန်လည်ရောက်ရှိမည် ။
- လမ်းမှ လိုက်ပါလိုသူများ ၁၀ ယောက်ခန့် (အဖွဲ့) ရှိမည်ဆိုလျင် ၊ စုရပ်သို့ ဝင်ရောက် ခေါ်ယူပေးမည် ။
- လမ်းစရိတ်(ကားခ)နှင့် စားစရိတ် အခမဲ့ဖြစ်သည် ။
- လူဦးရေ ကန့်သတ်မှုရှိသည် ။
တွေ့ဆုံပွဲအပြီးတွင် ဂွါန်ဂျူးမြို့တော် (광주광역시) လေ့လာရေး အစီအစဉ်ပါရှိကြောင်း ၊ အဆိုပါအစီအစဉ်ကို ကိုရီးယား ဒီမိုကရေစီတိုက်ပွဲအတွင်း စစ်အစိုးရ၏ လက်ချက်ဖြင့် ပျောက်ဆုံးသွားကြသော ကိုရီးယား ဒီမိုကရေစီ သူရဲကောင်းတို့၏ မိခင်များဖြင့် စုဖွဲ့ထားသည့် ကိုရီးယား သားပျောက်မိခင်များ အစည်းအရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် အစီအစဉ် အသေးစိတ်သိလိုသူများ 010-4187-5218 ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
Wednesday, December 22, 2010
ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားဒီမိုကရေစီ သူရဲကောင်းတို့၏ မိခင်များတွေ့ဆုံပွဲ အစီအစဉ်
Labels:
ကိုရီးယားယဉ်ကျေးမှု,
ဖိတ်စာ,
သတင်းဖတ်စာ,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment