Saturday, December 18, 2010

ဆေးခန်း အလှူရှင်အပေါင်း ၊ နှစ်ထောင်းအားရ ၊ ကြည်နူးကြစေဖို့ ………

ကျေးရွာဆေးပေးခန်း ဆောက်လုပ် လှူဒါန်းပြီးစီးပါပြီ

နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ၊ ဗန်းမော်ကျေးရွာအုပ်စု ၊ ကျုံသင်ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကျေးလက် ဆေးပေးခန်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းနိုင်ရေးအတွက် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီ အစ်ကိုမောင်နှမများ စုပေါင်း ဆောင်ရွက်ခဲ့ကြရာ ၊ အသင်းအဖွဲ့များ အပါအဝင် အလှူရှင် ၃၄၅ ဦးတို့ထံမှ ၂၀၁၀ပြည့်နှစ် ဧပြီလမှ အောက်တို ဘာလ အတွင်း အလှူငွေပေါင်း ဝမ် ၄၁သိန်း ၄ သောင်း ၆ထောင် ကောက်ခံရရှိခဲ့ပါသည် ။(အလှူရှင်များစာရင်း ၊ ဒီမှာနှိပ်ပြီးကြည့်)
အဆိုပါ ကောက်ခံရရှိငွေများကို ၂၀၁၀ပြည့်နှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ကာလဒေသ ငွေလွဲနှုန်း အရ မြန်မာငွေ ၃၂ သိန်း ၈ သောင်း ၆ ထောင်ကျပ်တိတိကို ကိုယ်စားလှယ် တစ်ဦးထံမှတစ်ဆင့် သက်ဆိုင်ရာသို့ လွဲပို့နိုင်ခဲ့ပါသည် ။ (ငွေလက်ခံပြေစာမိတ္တူ ၊ ဒီမှာနှိပ်ပြီးကြည့်)

ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များက ဆေးပေးခန်း ဆောက်လုပ်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၊ ယခုအခါ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှများ၏ ချွေးနှဲစာအလှူဖြင့် နာဂစ် မုန်တိုင်းဒဏ်သင့် ဖျာပုံမြို့နယ် ဗန်းမော်ကျေးရွာအုပ်စု ကျုံသင်ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကျေးရွာ ဆေးပေးခန်း တစ်ဆောင် ဆောက်လုပ်လှူဒါန်း ပြီးစီးပြီ ဖြစ်ကြောင်း အလှူရှင်အပေါင်း နှစ်ထောင်းအားရ ကြည်နူးကြစေရန် လေးစားစွာ အသိပေး မျှဝေ တင်ပြ အပ်ပါသည် ။
(စာရင်းရှင်းတမ်းနှင့် နောက်ဆက်တွဲမှတ်တမ်းပုံများ ထပ်မံတင်ပြပါမည်။)

ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် မှတ်တမ်းဓါတ်ပုံများ

No comments: