ကိုရီးယားအလုပ်သမားငှါးရမ်းခွင့်စနစ် (Korean Employment Permit System:KorEPS) အရ ကိုရီးယားအစိုးရသည် မြန်မာအပါအဝင် နိုင်ငံ ၁၅ နိုင်ငံတို့မှ အလုပ်သမားများကို ခေါ်ယူ ငှားရမ်းလျက်ရှိရာ ၊ ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁၈ ရက်နေ့က မြန်မာအလုပ်သမားလောင်း ၈ ယောက် ရောက်ရှိလာကြောင်း နှင့် ၄င်း ၈ ယောက်စလုံးမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည် ။
၎င်းနေ့က မြန်မာ ၈ ယောက်နှင့်အတူ ၊ သီရိလင်္ကာ ၁၅ ယောက် ၊ နီပေါ ၄ ယောက် ၊ ကမ္ဘောဒီးယား ၆ ယောက် ၊ ဖိလစ်ပိုင် ၁၈ ယောက်နှင့် ဥဇဘက်ကစ္စတန် ၁၅ ယောက်တို့လည်း ရောက်ရှိခဲ့ကြပြီး ၊ အန်ဆောင်း လေ့ကျင့်ရေးဌာန (Anseong Training Center: ASTC) တွင် ကိုရီးယားအစိုးရက စီစဉ်ပို့ချသည့် နာရီ ၂၀ ကြာ လုပ်ငန်းခွင် အကြိုသင်တန်း အစီအစဉ်ကို တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
လွန်ခဲ့သည့် ဇန္နဝါရီလ ပထမပတ်က ပထမအသုတ် မြန်မာအလုပ်သမား ၅ ဦးရောက်ရှိ လာခဲ့ကြောင်း ၊ ၄င်း ၅ ဦးအနက် ၃ ဦးမှာ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်ကြရမည်ဖြစ်ပြီး ၊ ၂ ဦးမှာ ကုန်ထုတ်လုပ်ငန်းတွင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း သင်တန်းကျောင်း တာဝန်ရှိသူများထံမှ သိရှိရပါသည် ။
Thursday, January 20, 2011
ဒုတိယအသုတ် ကိုရက်ပ်စ် မြန်မာအလုပ်သမားများ ရောက်ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment