Saturday, January 29, 2011

သမိုင်းဝင်စစ်မဲ့ဇုံ(Demilitarized Zone: DMZ) သို့ သမိုင်းဝင်လေ့လာရေးသွားကြမည်

“သမိုင်းဝင်လူသားများသာ သမိုင်းဝင်စစ်မဲ့ဇုံသို့ လေ့လာရေးသွားကြသည်”

ဓမ္မဒူတ ဗုဒ္ဒဘာသာ အသင်း(ကိုရီးယား)က ဦးဆောင်လျက် ၊ လာမည့် ကိုရီးယားနှစ်သစ်ကူးပိတ်ရက်အတွင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဒေသန္တရ ဗဟုသုတဖြစ်စေရန် ၊ စိတ်လက်အပမ်းပြေမှု စိတ်ကျေနပ်မှု တစ်စုံတစ်ရာ ရရှိစေရန်နှင့် ခရီးဖော်မြန်မာ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၊ တောင်မြောက်ကိုရီးယားပိုင်းခြားထားသော ကမ္ဘာ့အထင်ကရ သမိုင်းဝင်နေရာ စစ်မဲ့ဇုံ (Demilitarize Zone: DMZ) သို့ လေ့လာရေးသွားကြမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် ။
လေ့လာရေး အစီအစဉ်မှာ -
ရက်စွဲ ။ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် (သောကြာနေ့)
အချိန် ။ မနက် ၈ နာရီထွက်ပြီး ညနေ ၄ နာရီခန့်ပြန်လည်ရောက်ရှိပါမည်
ဆုံရပ် ။ ဓမ္မဒူ(ကိုရီးယား)မှ ကားများ ထွက်ခွါပါမည်
စရိတ် ။ တစ်ဦးလျင် ဝမ် ၃၀,၀၀၀ (သုံးသောင်းဝမ်) (ဇုံဝင်ကြေး ၁၂,၀၀၀ အပါအဝင်)



စစ်မဲ့ဇုံအဝင် စီစစ်မှုတွင်အချိန်ကြာညောင်းခြင်းမဖြစ်စေရန်အတွက် လိုက်ပါမည့်သူများ အမည်စာရင်းနှင့် စီစစ်ရေးကပ်ပြား (Identity Card) အမှတ်တို့ကို ကြိုတင်ပေးပို့ထားမည်ဖြစ်ပါသဖြင့် လိုအပ်သည်များ ကြိုတင် ပြင်ဆင်နိုင်ရန် ၊ လိုက်ပါလိုသူများ ၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီမတိုင်မှီ 010-2331-2457 ထံ စာရင်းပေးသွင်းတော်မူကြပါရန် တစ်ပါတည်း အသိပေး နှိုးဆော်အပ်ပါသည် ။


“သမိုင်းဝင်စစ်မဲ့ဇုံ ဧည့်မှတ်တမ်းတွင် သွားရောက် မှတ်တမ်းတင်ခြင်းဖြင့် သမိုင်းဝင်လူသားအဖြစ် ခံယူနိုင်ပါပြီ”


လေးစားမှုဖြင့်-
ဓမ္မဒူတဗုဒ္ဒဘာသာအသင်း(ကိုရီးယား)
၂၀၁၁ခုနှစ် ဇန္နဝါရီလ ၂၂ ရက်

မှတ်တမ်းပုံများ ဤနေရာတွင် ကြည့်ရှုနိုင်ပါသည် -


No comments: