Saturday, January 29, 2011

ဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) တရားပွဲ ဖိတ်ကြားလွှာ

ဓမ္မဒူတစင်တာ(ကိုရီးယား)၏ ပဓါနနာယက ဆရာတော် ၊ ဆရာတော် အရှင်ဆေကိန္ဒ (ဓမ္မဒူတ)သည် ဖေဖေါ်ဝါရီလ ၅ ရက် (စနေနေ့) နံနက်တွင် တောင်ကိုရီးယားနိုင်ငံ သို့ရောက်ရှိတော်မူမည်ဖြစ်ပြီး ၊ ဆရာတော်ကြီး၏ ဓမ္မသဘင်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက် နာကြား ကုသိုလ်တော်ယူတော်မူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည် -

ဓမ္မသဘင်အစီအစဉ်
ရက်စွဲ ။ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက် (စနေနေ့)
အချိန် ။ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၃ နာရီထိ
နေရာ ။ ဓမ္မဒူတ သိမ်တော် ခမ်းမ

အမေ့အိမ်နှင့် သူငယ်ချင်းများ က တရားပွဲလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား နေ့လည်စာဖြင့် အာဟာရဒါနပြု ကုသိုလ်ယူပါမည် ။

ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)

***
မှတ်ချက် ။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက် (တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့ ၊ စိတ္တသုခ ကျောင်းတွင် ၊ စိတ္တသုခ အကျိုးဆောင်အဖွဲ့၏ အစီအစဉ်များအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည် ။

No comments: