ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
ကိုရီးယား နှစ်ကူး ပိတ်ရက်တွင် မြန်မာအသင်း(ကိုရီးယား)မှ ဦးဆောင်သွားမည့် ဂျေဂျူဒို ခရီးစဉ်တွင် လိုက်ပါရန် စာရင်းပေးသွင်းထားသည့် ညီအကို မောင်နှမများသည် အောက်ဖော်ပြပါ လမ်းညွှန်နေရာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည် ၃ နာရီအရောက် နောက်ဆုံးထား၍ လာရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။ သတ်မှတ်ထားသည့် အချိန်မတိုင်မှီ ကြိုတင်လာရောက်ကြရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
ဂျေဂျူခရီးစဉ်တွင် လိုအပ်သည့် အချက်များ-
(၁) နိုင်ငံခြားသား စီစစ်ရေး ကဒ်ပြား
(၂) ခရီးစရိတ် ပေးသွင်းထားသည့် ဘောက်ချာ
ခရီးစဉ်သည် အချိန်ကြာမြင့်မည် ဖြစ်သည့်အတွက် တယ်လီဖုန်း အားသွင်း ပစ္စည်းများ၊ ပင်လယ်ရာသီဥတုသည် အေးသည့်အတွက် အအေးဒဏ် ကာကွယ်နိုင်မည့် လုံလောက်သည့် အနွေးထည်၊ လက်အိတ်၊ ခေါင်းစွပ် စသည်များကိုလည်း ယူဆောင်လာကြရန် တိုက်တွန်းအပ်ပါသည်။ သက်တောင့်သက်သာ စီးနင်းသွားလာနိုင်မည့် Walking Shoe ကဲ့သို့ ဖိနပ်များ ၀တ်ဆင်လာရန် လိုအပ်ပါသည်။
လိုက်ပါရန် စာရင်းပေးသွင်းပြီး ခရီးစရိတ် မသွင်းရသေးသူများ အနေဖြင့် တပါတည်း ယူဆောင်လာကြရန် နှိုးဆော်အပ်ပါသည်။
လမ်းညွှန်-


လမ်းညွှန်အတိုင်း လာရန် အခက်အခဲ ရှိသူများသည် ဦးခင်မောင်ရင်(၀၁၁-၉၃၈၆-၇၁၅၃)၊ ဦးသန့်ဇင်အောင်(၀၁၀-၉၀၅၄-၄၇၂၇)၊ ဦးဝင်းမြင့်ဦး(၀၁၁-၂၉၂၉-၅၄၂)၊ ကိုအောင်ဟိန်းလွင်(၀၁၀-၂၆၇၄-၈၄၈၉) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
No comments:
Post a Comment