Tuesday, February 8, 2011

သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ (New Version 2011)

ရေးသားသူ — ခင်အောင်အေး

တကယ်သေနေတာ သစ်ရွက်တွေချည့်ပဲ မဟုတ်ဘူး
ပိုး ပုရွက်တွေ ပလူကောင်လေးတွေ ငှက်ပေါက်စ လေးတွေချည့် မဟုတ်ဘူး
တောထဲ မြို့ပေါ် အလေ့ကျ အကောင်ပလောင်နဲ့ အိမ်မွေး တိရစ္ဆာန်တွေချည့် မဟုတ်ဘူး

တကယ့်လူတွေ သေနေကြတာ
ခင်ဗျာ့လို ကျနော်လို အသွေးနဲ့အသားနဲ့ ဥဏှောက်နဲ့
နောက်ပြီး နှလုံးသားနဲ့ ဘဝတွေ ကိုယ်စီနဲ့

အဲသလို အသိဉာဏ်ရှိခဲ့ပြီးမှ
အသိဉာဏ် မရှိသူတွေလို အလွယ်တကူ သေကြေပျက်စီးရ

အသိဉာဏ်တွေက စီရင်ထုတ်လုပ်လိုက်တဲ့ အသိဉာဏ် အတုတွေနဲ့
မှတ်ဉာဏ် ဘဏ် chips ဆိုတာတွေနဲ့ အသိဉာဏ်ရဲ့ ကျက်စားရာ ဖီလိုဆိုဖီ (ခေါ်)
ဒဿန ပေါင်းစုံတွေရဲ့ ထွေပြားမှုတို့အပြင် ဉာဏ်ရည်ဉာဏ်သွေးကို အလွဲသုံးစားပြုမှုများက
ထုတ်လုပ် ဖန်တီး တင်ဆက်လိုက်တဲ့ ဒီနေ့ကမ္ဘာကြီး…


[ တကယ်သေနေတာ သစ်ရွက်တွေချည့်ပဲ မဟုတ်ဘူး
ပိုး ပုရွက်တွေ ပလူကောင်လေးတွေ ငှက်ပေါက်စ လေးတွေချည့် မဟုတ်ဘူး
တောထဲ မြို့ပေါ် အလေ့ကျ အကောင်ပလောင်နဲ့ အိမ်မွေး တိရစ္ဆာန်တွေချည့် မဟုတ်ဘူး

တကယ့်လူတွေ သေနေကြတာ
ခင်ဗျာ့လို ကျနော်လို အသွေးနဲ့အသားနဲ့ ဥဏှောက်နဲ့
နောက်ပြီး နှလုံးသားနဲ့ ဘဝတွေ ကိုယ်စီနဲ့

အဲသလို အသိဉာဏ်ရှိခဲ့ပြီးမှ
အသိဉာဏ် မရှိသူတွေလို အလွယ်တကူ သေကြေပျက်စီးရ ] ။ ။


၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁ ရနောင်း ၁၃း၁၀ နာရီ

No comments: