မြန်မာ့အရေး စိတ်ပါဝင်စားသူ ကိုရီးယားများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ညှိနှိုင်း ဖွင့်လှစ်သည့် လူထုအခြေပြုအဖွဲ့ အစည်းဆိုင်ရာ သဘောတရားသင်တန်း နှင့် ဆွေးနွေးပွဲ ကို မူလအစီအစဉ်အတိုင်း ဆက်လက် ဖွင့်လှစ် ပို့ချလျက်ရှိရာ မေ ၈ရက် (တနင်္ဂနွေနေ့) တွင် သင်တန်းဆရာ ပါမောက္ခ 하승우 (경희대학교 GNO 대학원 교수) က လူထုအဖွဲ့အစည်းနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များနှင့် လုပ်ငန်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သိရသည် ။
သင်တန်းတက်ရောက်ရန် အမည်စာရင်းပါ သင်တန်းသားများသာမက ၊ အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မပေးသွင်းထားခဲ့သော်လည်း စိတ်ပါဝင်စားပါက အဆိုပါ သင်တန်းသို့ တက်ရောက် လေ့လာနိုင်ကြောင်း သင်တန်းစီစဉ်သူများက ပြောသည် ။
ယခုအပါတ် သင်တန်းချိန်မှာ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး သင်တန်း လမ်းညွှန် အခက်အခဲရှိပါက ၀၁၀-၅၈၄၈-၈၃၅၆ ဦးမြင့်ကျော် ထံ မေးမြန်းနိုင် သည်ဟု ဆိုပါသည် ။
No comments:
Post a Comment