Tuesday, May 10, 2011

လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ သဘောတရားသင်တန်း မေလ ၁၅ ရက်နေ့ အစီအစဉ်

မြန်မာ့အရေး စိတ်ပါဝင်စားသူ ကိုရီးယားများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ညှိနှိုင်း ဖွင့်လှစ်သည့် လူထုအခြေပြုအဖွဲ့ အစည်းဆိုင်ရာ သဘောတရားသင်တန်း နှင့် ဆွေးနွေးပွဲ ကို မူလအစီအစဉ်အတိုင်း ဆက်လက် ဖွင့်လှစ် ပို့ချလျက်ရှိရာ မေ ၁၅ (တနင်္ဂနွေနေ့) သင်တန်းဆရာ မှာ ကိုရီးယား ပြည်သူ့လှုပ်ရှားမှု မှတ်တမ်းနှင့် သတင်းပညာပေးဌာန ၊ ဥက္ကဌ မစ္စတာ ချွဲဂျုံတောက် 최종덕 ( 한국주민운동정보교육원 대표) ဖြစ်ပြီး လူထုလှုပ်ရှားမှု လူထုအင်အားနှင့် စုစည်းမှု၏ စွမ်းအား ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သိရသည် ။

သင်တန်းချိန်မှာ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး သင်တန်း လမ်းညွှန် အခက်အခဲရှိပါက ၀၁၀-၅၈၄၈-၈၃၅၆ ဦးမြင့်ကျော် ထံ မေးမြန်းနိုင် ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်ရန် အမည်စာရင်း မပေးသွင်းထားခဲ့သော်လည်း စိတ်ပါဝင်စားပါက အဆိုပါ သင်တန်းသို့ တက်ရောက် လေ့လာနိုင်ကြောင်း သင်တန်းစီစဉ်သူများက ပြောသည် ။

No comments: