Monday, July 18, 2011

ကိုရီးယားရောက် 천안(ချွန်နန်း)အဖွဲ့ ရွှေမြန်မာညီအကိုများ၏ ဆွမ်းကျွေးအလှူမှတ်တမ်း..


(၁၇ .၇.၂၀၁၁ ) ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌

ကိုရီးယားရောက် (ချွန်နန်း)လူငယ်များအဖွဲ့က ဘုရားအမှူးရှိသောသံဃာတော်များနှင့်

ကိုရီးယားရောက် မြန်မာအမျိုးအနွယ် မိတ်ဆွေအပေါင်းအား ဖိတ်ကြား၍ ဘုရားဖူး

တရားနာ ကုသိုလ်ပွားများနိုင်ရန်၊မိမိရောက်ရှိရာ နိုင်ငံ၌ အမျိုးဘာသာ သာသနာကို

ထိန်းသိမ်းစောင့်ရှောက် ကူညီကြရန်၊ အားလပ်ရက်၌တွေ့ဆုံနှတ်ဆက်မေတ္တာဖက်၍

ကျောင်းတော်ကြီး တည်တံ့ရန်အတွက် ချွန်နန်းလူငယ်အဖွဲ့က ပဒေသာပင် ၅၀၀၀၀၀

(ငါးသိန်း)စိုက်ထူလှူဒါန်း၍ မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပြီးဝေါဆရာ

တော်နှင့် ဆရာတော်အရှင်ဥတ္တရတို့အား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကာရေစက်ချ

တရားနာကြား၍ အမျှပေးဝေခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်...။

ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု.....။



No comments: