Tuesday, July 19, 2011

ဓမ္မဒူတ(ကိုရီးယား) ညီအစ်ကိုမောင်နှမများ နွေရာသီ ပိတ်ရက် ဟယ်အွန်ဒဲကမ်းခြေ တွင် အနားယူကြမည်

ဓမ္မဒူတ(ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ စိတ်လက် အပမ်းပြေမှု ရရှိစေရေး ၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး နှင့် ဒေသန္တရဗဟုသုတရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လာမည့်နွေရာသီပိတ်ရက်တွင် ဘူဆန် ဟယ်အွန်ဒဲ ကမ်းခြေသို့ အပမ်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည် ။

အဆိုပါ နွေရာသီခရီးစဉ်မှာ အောက်ပါ အတိုင်းဖြစ်ပါမည် -
ပထမနေ့အစီအစဉ်
၂၀၁၁-ဇူလိုင်လ-၃၀ (စနေနေ့) ည ၁၀ နာရီ ဘူဖြာင်း ဓမ္မဒူတ မှစထွက်မည် ။
ဒုတိယနေ့အစီအစဉ်
၂၀၁၁-ဇူလိုင်လ-၃၁ (တနင်္ဂနွေနေ့) မနက် အရုဏ်တက် ဘူဆန်ကမ်းခြေသို့ရောက်ပြီး ၊ တစ်နေ့တာ အပမ်းဖြေကြမည် ။ ညနေ ကမ်းဖြေအပမ်းဖြေအစီအစဉ်များ ဖြစ်သော နိုင်ငံကျော် အဆိုတော်များ စင်တင်ဂီတပွဲတော် နှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် အားပါးတရ ပါဝင်ကြပြီး ၊ ကမ်းခြေမှ ည ၁၁ နာရီ ပြန်လည်ထွက်ခွါပါမည် ။
တတိယနေ့အစီအစဉ်
၂၀၁၁-သြဂုတ်လ-၁ ရက်နေ့ နံနက် အရုဏ်တက်ချိန် ဘူဖြောင်း ဓမ္မဒူတသို့ ပြန်လည်ရောက်ရှိပါမည် ။

ကားခ
နွေရာသီခရီးစဉ်အတွက် အသွားအပြန် ကားခ (တည်းခိုစရိတ် ၊ စားသောက် စရိတ်စရိတ်များ မပါ) ၁ ဦးလျင် ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပါသည် ။

ကြိုတင်စာရင်းပေးကြပါရန်
လိုက်ပါမည့်သူများ ဇူလိုင်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီနောက်ဆုံးထားပြီး ၀၁၀-၄၃၀၃-၀၃၉၉ ၊ ၀၁၀-၃၉၃၆-၁၈၈၅ ၊ ၀၁၀-၂၃၃၁-၂၄၅၇ နှင့် ၀၁၀-၄၆၂၆-၇၅၇၁ တို့ထံ စာရင်းပေးသွင်းကြရန် လေးစားစွာ အသိပေးအပ်ပါသည် ။

လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

2 comments:

moe said...

နေ့ချင်းပြန်ဆိုတော့ပင်ပန်းမှာဘဲ.....၁ညလောက်တော့အိပ်သင်ါပါတယ်။ဒီခရီးနဲ့ဒီခရီးက်ု..ကျောင်းသားဆိုပေမဲ့လည်းပိုက်ဆံတက်နိုင်ပါတယ်

ကိုဝိုင်း (မိုးညှင်း) said...

နေ့ချင်းပြန်ခရီးမဟုတ်ပါ ။ ၂ညအိပ် ၁ရက် ခရီးဖြစ်ကြောင်းပါ ။ ၁နှစ်မှ၁ခါရရှိသော နွေရာသီ ပိတ်ရက်ကို အပမ်းဖြေကိစ္စအပြင် အခြားသော ကိစ္စများတွင် အသုံးပြုလိုသူများ ရှိပါက ပိတ်ရက်ကို အကျိုးရှိရှိ အသုံးပြုနိုင်စေရန်ရည်ရွယ်ပါသည် ။ ဘူဆန်ရောက်ပြီး ဤခရီးစဉ်ဖြင့်ပြန်လည်လိုက်ပါလိုခြင်းမရှိပါက မိမိအစီအစဉ်ဖြင့် နေခဲ့နိုင်ပါသည် ။ ၁ညမက မိမိတို့ ကြိုက်သလောက်နေနိုင်ကြောင်း သိရပါသည် ။