Saturday, July 9, 2011

KLT စာမေးပွဲအောင်သူများတောင်ကိုရီးယား အလုပ်လျှောက်ထားနိုင်

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲ(Korean Language Proficiency Test: KLT) အောင်မြင်ထားသူများသည် ဇူလိုင်လ ဒုတိယပတ်မှစတင်အလုပ်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်မှ ၁ဝ ရက် နေ့ အထိ အလုပ်လျှောက်လွှာများကို ခုံနံပါတ်အစဉ်အတိုင်း တစ်ရက်လျှင်တစ်ထောင်ကျော် ရောင်းချသွားမည် ဖြစ်ပြီး ၊ လျှောက်လွှာများကို ဇူလိုင်လ ၁ဝ ရက်နေ့မှ ၁၉ ရက်နေ့အထိ ခုံနံပတ်အစီအစဉ်အတိုင်း တစ်ရက်လျှင် ၅ဝဝ ကျော် ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အလုပ်လျှောက်ထားရာတွင် ကျန်းမာရေးစစ်ဆေးချက်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ နိုင်ငံကူးလက်မှတ်မူရင်း၊ မိတ္တူ၊ ဓာတ်ပုံ ၆ ပုံ လိုအပ်သည်ဟု ဆိုပါသည် ။

ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့တို့တွင် သန်လျင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌(KLT) စာမေးပွဲစစ်ဆေးခဲ့ရာ ဖြေဆိုသူ ၄၅၂၃ ဦးရှိခဲ့ပြီး ၄၁ဝ၉ ဦး အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

Ref:
V.W (7/30) ၊

No comments: