Thursday, September 8, 2011

ဖိတ်ကြားအပ်ပါသည်...

မဇ္ဈိမယာနအဖွဲ့ ရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ

ဘူဆန်းမြို့ မြန်မာ ညီအကို မောင်နှမ မိသားစုများ စုစည်းတည်ထောင်ထားသည့် မဇ္ဈိမယာနအဖွဲ့ ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲကို အောက်ပါအစီအစဉ် အတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ မိတ်ဆွေအများ ကြွရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၁ စက်တင်ဘာ ၁၃ (အင်္ဂါနေ့) (ချူဆော့ဂ်ပိတ်ရက်)
နေရာ = ဂင်မဲမြို့ ယခင် Golden Village စားသောက်ဆိုင်၊ 김해시 서상동 83-2
နံနက် ၁၁ နာရီတွင် ဆွမ်းကပ်ပါမည်။
နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီ အထိ ဒံပေါက်ဖြင့် ဧည့်ခံပါမည်။
နေ့လယ် ၁း၃၀ မှ ၃း၀၀ နာရီအထိ ရုံးခန်းဖွင့်ပွဲ အစီအစဉ် ဖြစ်ပါသည်။

ဘူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊ ရန်ကုန်မြို့ ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း နှင့် စန်းမြသီတာ မဟာစည် သာသာနာ့ရိပ်သာတို့၏ ပဓာန နာယက ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများတို့သည် မဇ္ဈိမယာနအဖွဲ့ကို ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

စက်ရုံ အပြောင်းအရွှေ့ ကာလတွင် အခက်အခဲ ဖြစ်နေသော ရွှေညီအစ်ကိုများအတွက် နားခိုစရာနေရာအဖြစ် လည်းကောင်း၊ အလုပ်သမားအခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲများ ကျင်းပရန်နေရာအဖြစ် လည်းကောင်း၊ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် သာရေးနာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် နေရာအဖြစ် လည်းကောင်း၊ မဇ္ဈိမယာနရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်ကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

မဇ္ဈိမယာနအဖွဲ့
ဘူဆန် ဂင်မဲ ဒေသ ရွှေမြန်မာများ

No comments: