Thursday, September 8, 2011

တို့ပိုင်တဲ့မြေ စားသောက်ဆိုင်နဲ့ စတိုး ဖွင့်မည်

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကိုမောင်နှမ အပေါင်းတို့ ခင်ဗျာ-

လာမယ့် ချုဆော့ဂ်ရာသီ ပိတ်ရက်များအမီ နမ်ဘူနယ်စားကြီး ကိုရွှေမိုး ဦးစီးဖွင့်လှစ်တဲ့ တို့ပိုင်တဲ့မြေ စားသောက်ဆိုင်နဲ့ မီနီစတိုးကို ၂၀၁၁ ခုနှစ် လပိုင်း ရက်နေ့ နံနက် နာရီမှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် ညနေခင်း နာရီမှ စတင်ပြီး ရှမ်းခေါက်ဆွဲနဲ့ ဧည့်ခံသွားမှာ ဖြစ်ပါတယ်။

အိမ်ထမင်း အိမ်ဟင်းနဲ့ ဝေးနေတဲ့ ညီအကိုမောင်နှမများ လျှာရင်းမြက်စေဖို့ အတွက် အထူးအရသာ ကောင်းမွန်သော မြန်မာ ထမင်း ဟင်းလျာများ၊ ဖွယ်ဖွယ်ရာရာ တောစာတောင်စာများ အပြင် တရုတ်နဲ့ အိန္ဒိယ အစားအစာများကို အနုပညာ ရသဆန်စွာ စားသုံးနိုင်ရန် အတွက် တို့ပိုင်တဲ့မြေ ကို တခေါက်တခါ ကြွခဲ့ပါလို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ။

စားဖွယ်ခဲဖွယ်များကို အဖျော် ယမကာ ၀ိုင် ဗျစ် နဲ့တကွ တွဲဖက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ စပါယ်ရှယ် ဒန်ပေါက်နဲ့ သူ့တွဲဖက်အဖြစ် ပျားလိမ္မော် ဒိန်ချဉ်ကို ပြုလုပ်ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ။ မွေးနေ့ အလှူမင်္ဂလာပွဲများကို အော်ဒါလက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး၊ ဖုန်းကဒ်မျိုးစုံနဲ့ အရသာပို ဈေးချိုသော ထိုင်းဆန်, အမေရိကန်ဆန်နဲ့ အိမ်သုံးပစ္စည်းတချို့ကိုလည်း ဖုန်းဖြင့် ဆက်သွယ် မှာယူရုံမျှဖြင့် အိမ်အရောက်ပို့ ပေးမည် ဖြစ်ကြောင်းပါ ခင်ဗျာ…။

ချစ်ခင်လေးစားစွာဖြင့် 

ကိုရွှေမိုး (နမ်ဘူနယ်စားကြီး) 
တို့ပိုင်တဲ့မြေ 

လမ်းညွှန်… 
ဘူဖျောင်းဘူတာ တောင်ဘက်ထွက်ပေါက် နံပတ် မှ တည့်တည့် လမ်းလျောက်လာပါက ၄ မိနစ် ဗုဒ္ဓသာသနာပြု ကျောင်းတော်မှ ဆိုးလ်ဘက်သို့ လမ်းလျောက်လာပါက ၄ မိနစ် နှစ်ဘက်သော အရပ်မှ ၄ မိနစ်ခန့်စီ လမ်းလျောက်လာပြီး ဦးစွာ တွေ့ရသည့် ပဲရစ်ပေါင်မုန့်ဆိုင် လမ်းလေးဆုံမှ လှမ်းမြင်ရသော Shinhup Bank ကို အနည်းငယ် ကျော်လာပြီး 7 & eleven စတိုးလ်ဆိုင်၏ ဘေးလမ်းကြားတွင် တို့ပိုင်တဲ့မြေ တည်ရှိပါတယ်။

ဆက်သွယ်ရန် ၀၇၀ ၄၁၁၁ ၇၀၁၉ / ၀၁၀ ၈၇၁၄ ၇၀၁၉
 

စားသောက်ဖွယ်ရာ စာရင်းကို ဒီမှာ ကလစ်ကြည့်ပါ။

1 comment:

TZH1985 said...

ပထမဆုံး အလည်ရောက်