ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
၁၃ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်
ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆော့ဂွမ်ဆာဘုန်းကြီးကျောင်းအတွင်း ကိန်းဝပ်စံပယ်တော်မူသော တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပူဇော်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ (တနင်္လာနေ့) ချူဆော့ဂ်ပွဲတော် ပိတ်ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။
တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာအသင်း(ကိုရီးယား)က ဦးဆောင်၍ ကိုရီးယားရှိ မြန်မာအဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်များနှင့်မတူ တမူထူးခြားသော ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များပါဝင်မည်ဖြစ်ပြီး စတုဒီသာ အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံသွားမည် ဖြစ်ပါသဖြင့် ကိုရီးယားတွင် ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာညီအကိုများ လာရောက်ပျော်ရွှင်ခံစားပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
++++++++++++++++++++++++
++++++++++++++++++++++++
++++++++++++++++++++++++
ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့်အချိန်မှာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၄း၃၀ အချိန်အထိဖြစ်ပြီး မွန်းလွဲ ၄း၃၀ အချိန်မှ ၇ နာရီအချိန်အထိ အာရှဗုဒ္ဓဘာသာယဉ်ကျေးမှုပေါင်းစုံပွဲတော်အား အခြားသော အာရှတိုက်အတွင်းရှိ ဗုဒ္ဓဘာသာနိုင်ငံ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆင်နွဲသွားမည် ဖြစ်ပါသည်။ အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုပွဲတော်အား မြန်မာအသင်း(ကိုရီးယား) နှင့်အတူ အခြားသော အာရှဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် နိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအသီးသီးတို့ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး နိုင်ငံအလိုက် ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ သီချင်းဆိုပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ် များပါဝင်မည် ဖြစ်ပါသဖြင့် မြန်မာအသင်း(ကိုရီးယား)နှင့်အတူ ပူးပေါင်းဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။
ဗုဒ္ဓပူဇနိယပွဲတော်
ကျင်းပမည့်နေရာ - ဆော့ဂွမ်ဆာကျောင်းတိုက်၊ ပူချွန်းမြို့
အချိန် - နေ့လည် ၁၂ နာရီမှ ၄ နာရီခွဲ
အကျွေးမွေး - အဖွဲ့အစည်းများ၏ စတုဒီသာ မြန်မာအစားအစာမျိုးစုံ
ဖျော်ဖြေရေး - မြန်မာ့ရိုးရာဆိုင်းဝိုင်း၊ ပတ္တလား၊ စောင်း၊ မြန်မာသံစဉ် တေးနုယဉ်၊ ရိန်းဘိုး၊ မျိုးချစ်မောင်
အထူးအစီအစဉ် - မြန်မာအသင်း လူမှုရေး ရံပုံငွေ ကံစမ်းမဲ ( iPad2 | iPod Touch | iPod Nano | Camera & etc ..... )
ပူးပေါင်းပါဝင်ကြမည့် အဖွဲ့အစည်းများ
၁။ NLD - မန်ကျည်းဖျော်ရည်
၂။ BAK - ကြာဇံချက်
၃။ မွန် - အအေးစုံ
၎။ ဂွမ်ဂျူးဆောင်နန်းလူမှုရေးအသင်း - ဘူးသီးကြော်
၅။ ကင်ပိုလူငယ်များ - ခေါက်ဆွဲကြော်
၆။ အန်ဆန်းရှီဟွာ - သီးစုံဖျော်ရည်
၇။ မိုးကြိုးလူငယ်များ - ၀က်သားတုတ်ထိုး
၈။ ရွှေကျွန်းညီအကိုများ - လက်ဖက်ရည် + ကိတ်မုန့်မျိုးစုံ
၉ ။ ဗုဒ္ဓသာသနာပြုကျောင်းတော် - ကောက်ညှင်းပေါင်း + ငါးခြောက်ဖုတ်
၁၀။ အဖြူရောင်မေတ္တာလူငယ်များ - ရွှေရင်အေး
၁၁။ အင်ချွန်းယူနိုက်တက်ဘောလုံးအသင်း - အအေးစုံ + ရေသန့်
၁၂။ မြန်မာ့လက်ရွေးစင် ဘောလုံးအဖွဲ့ - သာကူ
၁၃။ ဦးတင်ယဉ်နှင့် သူငယ်ချင်းများ
၁၄။ ပြည်သူ့ဂုဏ်ရည်အဖွဲ့
ဆက်သွယ်ရန် =
ဥက္ကဋ္ဌ ဦးခင်မောင်ရင် (011- 9386- 7153)
ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်အောင် (010- 9054- 4727)
No comments:
Post a Comment