Wednesday, September 14, 2011

မယ်တော် တစ်လပြည့် ဆွမ်းကျွေးအလှူ တရားတော်နာ ဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံ အင်းချွန်းမြို့ဘူဖြောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ပဓာနနာယကဆရာတော်၏ မယ်တော်ကြီး
ဒေါ်မုန်းအေး အားရည်စူး၍ တစ်လပြည့် ဆွမ်းကျွေးအလှူတော်ကို (၁၈. ၉.၂၀၁၁) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍
အတူတကွ တရားနာယူ သာဓုခေါ်ဆိုနိုင်ရန် ကြွရောက်ပါမည့်အကြောင်း ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

တရားနာချိန် - နံနက် ၉း၀၀နာရီ
ဧည့်ခံကျွေးမွေးခြင်းအစီအစဉ် - နံနက် မုန့်ဟင်းခါး ၊ နေ့လည် မြန်မာထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်။

ဆရာတော်နှင့် အကျိုးတော်ဆောင်များ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အမေ့နှလုံးသား
ချစ်ချစ်မုန်းမုန်း အမြဲပြုံး အမေ့နှလုံးသား ၊
ပစ်ပစ်သုံးသုံး အမြဲပြုံး အမေ့နှလုံးသား ၊
ဝဝ ချုံးချုံး အမြဲပြုံး အမေ့နှလုံးသား ၊
ရရ ရှုံးရှုံး အမြဲပြုံး အမေ့နှလုံးသား ၊
စစ ဆုံးဆုံး အမြဲပြုံး အမေ့နှလုံးသား ၊

No comments: