အင်ချောန်းမြို့တော် ၊ ဂန်ဟွာမြို့နယ် (강화군) ရှိ ဂျောန်ဒွန့်ဆာ ဘုန်းတော်ကြီးကျောင်း (전등사) မှ ကြီးမှူးပြီး 6 ကြိမ်မြောက် ဧည့်နိုင်ငံသားများ ယဉ်ကျေးမှုပွဲတော် (제6회 이주민 문화축제) ကို အာရှမိတ်ဆွေ (아사아는 친구) ခေါင်းစဉ်ဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ 16 ရက် (တနင်္ဂနွေ) နေ့လည် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ထိ ၊ ဂျောန်ဒွန့်ဆာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကြို/ပို့ကား အစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ကြောင်း သိရသည် -
- စုရပ်မှာ ဘူဖြောင်းဘူတာရှေ့ဖြစ်ပြီး 010-8799-1283 (Aung Myo Oo)နှင့် 010-2386-1317(Tun Tun) ထံ ဆက်သွယ်ကြရန်နှင့် ကားထွက်ချိန်မှာ နံနက် ၉ နာရီ ၃၀ မိနစ် ။
ပွဲတော်တွင် ၊ စက္ကူရုပ်များ ပြုလုပ်ခြင်း ၊ ကြယ်သီး ပြုလုပ်ခြင်း ၊ ဆီမီးခွက် ပြုလုပ်ခြင်း ၊ ကြာမီးအိမ်ပြုလုပ်ခြင်း ၊ နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း ၊ ကိုရီးယားရိုးရာ ဓလေ့နှင့် ယဉ်ကျေးမှုများ မိတ်ဆက် ၊ ဧည့်နိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံများအလိုက် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ခြင်း စသည်တို့ပါရှိမည်ဟု ဆိုသည် ။
ဂျောန်ဒွန့်ဆာသည်ကိုရီးယားရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်သတ်မှတ်ထားသည့် ဒေသဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ မှတ်တမ်းဝင် သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ၊ နိုင်ငံခြားသားများ သွားရောက် လေ့လာ သင့်သည့် မြန်မာနိုင်ငံ ပုဂံဒေသကဲ့သို့သော စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်သည်ဟု သမိုင်းလေ့လာသူများက ဆိုပါသည် ။
Saturday, October 15, 2011
6 ကြိမ်မြောက် အာရှမိတ်ဆွေ (아사아는 친구) ပွဲတော် ကျင်းပမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment