Monday, October 24, 2011

စာရေးဆရာမ နုနုရည်(အင်းဝ) စာပေဟောပြောပွဲ ကျင်းပမည်

ကိုရီးယား ကဗျာ ဆရာအဖွဲ့ တခု၏ အစီအစဉ်ဖြင့် လာမည့် အောက်တိုဘာလ ၂၇ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည့် စာရေးဆရာမ နုနုရည်(အင်းဝ)မှ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ စာပေဟောပြောပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ကြ ပါရန် ဖိတ်ကြားအပ်ပါသည်။

အချိန်----နေ့လည် ၃နာရီမှ ၆နာရီထိ

နေ့ရက်-----၂ဝ၁၁ အောက်တိုဘာလ ၃ဝရက်(တနင်္ဂနွေ)နေ့

နေရာ------ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)



စာပေဟောပြောပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဦးတင်ယဉ်(ဝ၁၆-၂၄၈-၃၃၃၈) ထံသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

No comments: